သို့ဖြစ်၍ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့ကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
ဗျာဒိတ် 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အောင်မြင်သောသူသည် ထိုသူတို့ကဲ့သို့ပင် ဖြူသောအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ငါသည် သူ၏နာမည်ကို အသက်စာစောင်မှ မည်သည့်အခါမျှ ပယ်ဖျက်မည်မဟုတ်။ သူသည် ငါ့တပည့်ဖြစ်ကြောင်းကို ငါ့ခမည်းတော်နှင့် ခမည်းတော်၏ကောင်းကင်တမန်များရှေ့၌ ငါအသိအမှတ်ပြုမည်။ Common Language Bible အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။ Garrad Bible အောင် မြင် သူ သည် ထို သို့ ဝတ် လုံ ဖြူ ဆင် ရ လိမ့် မည်။ သူ့ အ မည် ကို လည်း အ သက် စာ ရင်း မှ ငါ ချေ ဖျက် မည် မ ဟုတ် ဘဲ ငါ့ ခ မည်း တော် နှင့် စေ တ မန် တော် တို့ ရှေ့ ဝန် ခံ မည်။ Judson Bible ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တော်တို့ ရှေ့၌လည်းကောင်း သူ၏နာမကို ငါဝန်ခံမည်။- မြန်မာ့စံမီသမ္မာကျမ်း အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။ |
သို့ဖြစ်၍ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့ကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံကြသောကြောင့် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့၏အမည်များစာရင်းဝင်သည့်အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
သင်တို့အား ငါပြောမည်။ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့အား လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
ကျွန်ုပ်၏ စစ်မှန်သောလုပ်ဖော်ကိုင်ဖက်… ဤအမျိုးသမီးနှစ်ဦး သင့်မြတ်ရန် ကူညီပါလော့ ဟု သင့်ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့သည် အသက်စာစောင်တွင် အမည်ပါရှိသော ကလေမင်မှစ၍ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်တကွ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ လက်တွဲကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပြောင်သောပိတ်ချောကို ဝတ်ဆင်ခွင့်ရ၏” ဟူ၍ ဖြစ်၏။ ထိုပိတ်ချောသည် ယုံကြည်သူတို့၏ ဖြောင့်မတ်သောအကျင့်ကို ကိုယ်စားပြု၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။
သေလွန်သောသူ အကြီးအငယ်တို့သည် ရာဇပလ္လင်တော်ရှေ့၌ ရပ်နေကြသည်ကို ကျွန်ုပ်မြင်ရ၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်ဖြစ်သော အခြားစာစောင်တစ်စောင်ကိုလည်း ဖွင့်ထား၏။ သေလွန်သောသူတို့သည် စာစောင်ထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မိမိတို့အကျင့်နှင့်အညီ တရားစီရင်ခံရ၏။
မည်သည့်ညစ်ညမ်းသောအရာမျှ ထိုမြို့ထဲသို့ ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာဖွယ်အမှုကို ပြုသူနှင့် လိမ်လည်သူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏ အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာလျှင် ဝင်ကြရလိမ့်မည်။
မည်သူမဆို ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်ထဲမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဤစာစောင်၌ ဖော်ပြထားသော အသက်ပင်၏ အသီးကို စားခွင့်နှင့် သန့်ရှင်းသောမြို့တော်သို့ ဝင်ခွင့်ကို ဘုရားသခင်သည် ထိုသူတို့ထံမှ နုတ်ပယ်တော်မူလိမ့်မည်။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။
သို့ရာတွင် သာဒိမြို့၌ မိမိတို့အဝတ်ကို မညစ်ညူးစေသောသူတချို့ ရှိကြသေး၏။ သူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကို ဝတ်ဆင်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။
ထို့နောက် သူတို့တစ်ဦးစီအား ဝတ်ရုံဖြူများကို ပေးတော်မူ၏။ သူတို့နည်းတူ အသတ်ခံရမည့် သူတို့၏အစေခံချင်း၊ သူတို့၏ညီအစ်ကိုမောင်နှမချင်း အရေအတွက်ပြည့်သည်အထိ အနည်းငယ်စောင့်ကြရန် သူတို့အား မိန့်တော်မူ၏။