လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ဗျာဒိတ် 2:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။ Common Language Bible သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။ Garrad Bible ငါ ပြစ် ချ သည့် ပြင် သား သ မီး တို့ ကို လည်း သေ ဘေး ဒဏ် ခတ် မည်။ ထို သို့ သော အား ဖြင့် ငါ သည် နှ လုံး ကျောက် ကပ် ကို စီ စစ် သော အ ရှင် ဖြစ် ကြောင်း အ သင်း တော် ရှိ သ မျှ သိ ရ ကြ လ တ္တံ့။ သင် တို့ အ သီး အ သီး အား လည်း အ ကျင့် အ လျောက် ငါ ဆပ် ပေး မည်။ Judson Bible သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။- မြန်မာ့စံမီသမ္မာကျမ်း သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
ထိုမှတစ်ဖန် သူတို့က “အို သခင်ဘုရား… သခင်သည် လူအပေါင်းတို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ ယုဒသည် မိမိနှင့်ထိုက်သောနေရာသို့ သွားရန် တမန်တော်ရာထူးကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤအမှုတော်လုပ်ငန်းနှင့် သူ၏တာဝန်ကို ဆက်ခံရန် သခင်ဘုရားသည် ဤသူနှစ်ဦးထဲမှ မည်သူ့ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။
မှန်ပေ၏။ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိတို့ပြုခဲ့သမျှကို ဘုရားသခင်ရှေ့တော်၌ တင်ပြအစီရင်ခံရမည်။
စိတ်နှလုံးကို ဆန်းစစ်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော် တောင်းလျှောက်နေသောအရာကို သိမြင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ကိုယ်စားပြုဆုတောင်းတော်မူသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
လူတစ်ဦးစီ၏ အပြုအမူအပေါ် အခြေခံ၍ သမာသမတ်ကျစွာ တရားစီရင်တော်မူသော ဘုရားသခင်ထံ သင်တို့ဆုတောင်းသောအခါ အဖဟု ခေါ်သောကြောင့် ဤလောက၌ ဧည့်သည်အဖြစ် နေထိုင်ရသောနေ့ရက်များတွင် ထိုအရှင်ကို ကြောက်ရွံ့ရိုသေကြလော့။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။
သေလွန်သောသူ အကြီးအငယ်တို့သည် ရာဇပလ္လင်တော်ရှေ့၌ ရပ်နေကြသည်ကို ကျွန်ုပ်မြင်ရ၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်ဖြစ်သော အခြားစာစောင်တစ်စောင်ကိုလည်း ဖွင့်ထား၏။ သေလွန်သောသူတို့သည် စာစောင်ထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မိမိတို့အကျင့်နှင့်အညီ တရားစီရင်ခံရ၏။
ပင်လယ်ရှိ သေလွန်သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ရောက်လာကြ၏။ အရပ်ရပ်ရှိ သေလွန်သောသူတို့နှင့် မရဏနိုင်ငံရှိ သေလွန်သောသူတို့သည်လည်း ဘုရားသခင်ရှေ့တော်သို့ ရောက်လာကြ၏။ လူအပေါင်းတို့သည် မိမိတို့၏အကျင့်နှင့်အညီ တရားစီရင်ခံရ၏။
ယေရှုက “ကြည့်လော့။ ငါသည် မကြာမီလာမည်။ ငါသည် ဆုလာဘ်နှင့် ပြစ်ဒဏ်ကို ယူဆောင်လာပြီး လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ငါပေးဆပ်မည်။
ထိုအခါ ကျွန်ုပ်ကြည့်လိုက်ရာ အရောင်မွဲမြင်းတစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူ၏ အမည်မှာ သေမင်းဖြစ်၏။ သူ၏နောက်တွင် မရဏနိုင်ငံ လိုက်လာ၏။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကို ဓားဘေး၊ အငတ်ဘေး၊ ရောဂါဘေး၊ ကမ္ဘာလောကရှိ သားရဲတိရစ္ဆာန်များ၏ဘေးတို့ဖြင့် သတ်ဖြတ်ရန် သူတို့အား အခွင့်အာဏာပေးထားတော်မူ၏။