ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။
တမန်တော်ဝတ္ထု 8:40 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလိပ္ပုမှာမူ အာဇုတ်မြို့၌ ရောက်ရှိနေပြီး ထိုမြို့မှ ဆီဇာရီးယားမြို့တိုင်အောင် မြို့အသီးသီးသို့ ဝင်ထွက်၍ သတင်းကောင်းကို ဟောပြောလေ၏။ Common Language Bible ဖိလိပ္ပုသည်အာဇုတ်မြို့သို့မိမိရောက်ရှိနေ သည်ကိုသိရ၏။ ထိုနောက်သူသည်ကဲသရိ မြို့သို့သွား၏။ လမ်းခရီးတွင်တစ်မြို့ပြီး တစ်မြို့သို့ဝင်၍သတင်းကောင်းကိုဟော ပြောကြေညာလေသည်။ Garrad Bible ဖိ လိ ပ္ပု သည် အာ ဇုတ် မြို့ တွင် ပေါ် လာ၍ ထို မြို့ မှ ကဲ သ ရိ မြို့ တိုင် လျှောက် သွား လျက် မြို့ ရွာ ရှိ သ မျှ၌ သ တင်း တော် မြတ် ကို ကြား ပြော လေ၏။ Judson Bible ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှ ကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်းလျှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။ |
ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။
နောက်တစ်နေ့တွင် ဆီဇာရီးယားမြို့သို့ ရောက်ရှိလာကြ၏။ ကော်နေလိသည် မိမိဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများအား စုဝေးစေပြီး ပေတရုတို့ကို စောင့်မျှော်လျက်နေလေ၏။
ထိုခဏချင်းတွင် ဆီဇာရီးယားမြို့မှ ကျွန်ုပ်ထံသို့ စေလွှတ်ခံရသော လူသုံးဦးသည် ကျွန်ုပ်တို့နေထိုင်သောအိမ်သို့ ရောက်လာကြ၏။
ဟေရုဒ်မင်းသည် ပေတရုကို ရှာ၍မတွေ့သောအခါ အစောင့်များကို စစ်ဆေးပြီးမှ သေဒဏ်ပေးရန် အမိန့်ချ၏။ ထို့နောက် သူသည် ယုဒပြည်မှ ဆီဇာရီးယားမြို့သို့ဆင်းသွား၍ ထိုမြို့တွင်နေလေ၏။
ဆီဇာရီးယားမြို့သို့ ရောက်သောအခါ ဂျေရုဆလင်မြို့သို့တက်၍ အသင်းတော်ကိုနှုတ်ဆက်ပြီးလျှင် အန္တိအုတ်မြို့သို့ ဆင်းသွား၏။
ဆီဇာရီးယားမြို့မှ တပည့်တော်တချို့သည်လည်း ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာကြပြီး သူတို့က တပည့်တော်ဟောင်းတစ်ဦးဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်၏အိမ်သို့ တည်းခိုရန် ခေါ်သွားကြ၏။
နောက်တစ်နေ့တွင် ကျွန်ုပ်တို့သည် ထိုမြို့မှ ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ ရောက်ကြ၏။ ကျွေးမွေးခြင်းအမှုကို ဆောင်ရွက်ရန် ရွေးချယ်ခြင်းခံရသောလူခုနှစ်ဦးအနက် တစ်ဦးဖြစ်သော၊ သတင်းကောင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ ဝင်၍ တည်းခိုကြ၏။
တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကို ခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ မြင်းစီးတပ်သားခုနစ်ဆယ်နှင့် လှံကိုင်တပ်သားနှစ်ရာတို့ကို အဆင်သင့်ပြင်ဆင်ကြလော့။
မြင်းစီးတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကိုဘုရင်ခံထံသို့ပေးအပ်၍ ပေါလုကိုလည်း သူ့ထံသို့အပ်နှံကြ၏။
ဖေတ္တုမင်းသည် ထိုပြည်နယ်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့သွားလေ၏။
ထို့နောက် ရက်အနည်းငယ်ကြာသောအခါ အဂြိပ္ပမင်းကြီးနှင့် ဗေရနိတ်တို့သည် ဖေတ္တုမင်းကို ကြိုဆိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
ထိုအခါ ဖေတ္တုမင်းက “ပေါလုသည် ဆီဇာရီးယားမြို့တွင် ထိန်းသိမ်းခံထားရ၏။ ငါသည်လည်း ထိုမြို့သို့ မကြာမီပြန်သွားမည်။
ဖေတ္တုမင်းသည် သူတို့ထံ၌ ရှစ်ရက်၊ သို့မဟုတ် ဆယ်ရက်ထက်မပိုဘဲ နေပြီးနောက် ဆီဇာရီးယားမြို့သို့ ပြန်လေ၏။ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်ဆောင်လာရန် အမိန့်ပေးလေ၏။
ပေတရုနှင့် ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်အား သက်သေခံဟောပြောပြီးသည့်နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြကာ ရှမာရိရွာများ၌ သတင်းကောင်းကို ဟောပြောကြ၏။
ထိုအကြောင်းကို ယုံကြည်သူတို့ ကြားသိသောအခါ သူ့အား ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်လာပြီး တာရှုမြို့သို့ လွှတ်လိုက်ကြ၏။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။