ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 2:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းတို့ကို ရောင်းချ၍ ရရှိသောအကျိုးအမြတ်များကို လိုအပ်နေသောသူအပေါင်းတို့အား ဝေငှပေးကမ်းကြ၏။ Common Language Bible သူတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ချို့တဲ့သူများအားချို့တဲ့မှု ပမာဏအတိုင်းဝေမျှကြ၏။- Garrad Bible မည် သူ မ ဆို လို သည့် အ လျောက် ဝေ ငှ ပေး ကမ်း ကြ၏။ Judson Bible မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှခြင်းကို ပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဥစ္စာပစ္စည်းများနှင့် မိမိတို့ပိုင်ဆိုင်သောအရာများကို ရောင်းချပြီးလျှင် ၎င်းတို့ကို တစ်ဦးချင်းစီ၌လိုအပ်မှုရှိသည့်အတိုင်း အားလုံးတို့အား ခွဲဝေပေးကမ်းကြ၏။ |
ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
သင်တို့အား ငါပြောဆိုသည်မှာ လောကီစည်းစိမ်များအားဖြင့် မိတ်ဆွေရရန် လုပ်ဆောင်ကြလော့။ ထိုစည်းစိမ်များ ကုန်ဆုံးသောအခါ သင်တို့ကို ထာဝရတည်သောနေရာ၌ လက်ခံကြိုဆိုကြလိမ့်မည်။
ထိုသူ၏စကားကို ကြားသောအခါ ယေရှုက “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သင်၏ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
ထိုသူတို့တွင် ဆင်းရဲချို့တဲ့သောသူ တစ်ယောက်မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်အိမ်ခြံမြေများပိုင်ဆိုင်သောသူတို့သည် ပိုင်ဆိုင်သောအရာများကို ရောင်းပြီးလျှင် ရသောငွေများကို ယူဆောင်လာ၍
တမန်တော်တို့ထံ အပ်ကြသောကြောင့်ဖြစ်၏။ တမန်တော်တို့ကလည်း လူတစ်ဦးစီ၏လိုအပ်သည့် ပမာဏအတိုင်း ပေးကမ်းဝေငှကြ၏။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။
ကျမ်းစာ၌ “သူသည် ဆင်းရဲသောသူတို့အား ရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏ ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်မြဲလိမ့်မည်” ဟု ရေးသားထား၏။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။