တမန်တော်ဝတ္ထု 2:45 - Garrad Bible45 မည် သူ မ ဆို လို သည့် အ လျောက် ဝေ ငှ ပေး ကမ်း ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible45 သူတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ချို့တဲ့သူများအားချို့တဲ့မှု ပမာဏအတိုင်းဝေမျှကြ၏။- အခန်းကိုကြည့်ပါ။Judson Bible45 မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှခြင်းကို ပြုကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း45 ဥစ္စာပစ္စည်းများနှင့် မိမိတို့ပိုင်ဆိုင်သောအရာများကို ရောင်းချပြီးလျှင် ၎င်းတို့ကို တစ်ဦးချင်းစီ၌လိုအပ်မှုရှိသည့်အတိုင်း အားလုံးတို့အား ခွဲဝေပေးကမ်းကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း45 သူတို့သည် မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းတို့ကို ရောင်းချ၍ ရရှိသောအကျိုးအမြတ်များကို လိုအပ်နေသောသူအပေါင်းတို့အား ဝေငှပေးကမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
သင် တို့ စေ တ နာ ကို ငါ သိ သည့် အ တိုင်း ယ မန် နှစ် က ပင် အ ခါ ယ အ သင်း တော် အ သင့် ရှိ နေ ကြောင်း ကို မာ ကေ ဒေါ နိ အ သင်း တော် အား ငါ ဂုဏ် တင် သည့် အ လျောက် သင် တို့ စေ တ နာ ထက် သန် ခြင်း ကြောင့် အ များ တို့ အား ကျ သော စိတ် ရှိ သည် ဖြစ်၍ သီး သန့် ထား တော် မူ သူ တို့ အား ထောက် ပံ့ မှု အ ကြောင်း သင် တို့ ထံ ရေး လိုက် သော် ပို မို ၏။