၄ ရာ 23:3 - မြန်မာ့စံမီသမ္မာကျမ်း
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
အခန်းကိုကြည့်ပါ။
သူသည်ဘုရင့်ကျောက်တိုင်အနီးတွင်ရပ် လျက်``အကျွန်ုပ်သည်ကိုယ်တော်၏စကားတော် ကိုနားထောင်ပါမည်။ ကိုယ်တော်၏တရားတော် နှင့်ပညတ်တော်တို့ကို ကိုယ်စွမ်းစိတ်စွမ်းရှိ သမျှနှင့်စောင့်ထိန်းပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။
အခန်းကိုကြည့်ပါ။
ထို ကျမ်း တွင် ပါ ရှိ သော ပ ဋိ ညာဉ် ချက် များ ကို အ တည် ပြု အံ့ သော ငှါ၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့၊ ထာ ဝ ရ ဘု ရား နောက် တော် သို့ လိုက် လျှောက်၍၊ မိန့် မှာ ထုံး ဖွဲ့ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း မည့် အ ကြောင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ပ ဋိ ညာဉ် ပြု ရာ ပ ရိ သတ် လုံး နှစ် သက် တူ ညီ ကြ ကုန်၏။
အခန်းကိုကြည့်ပါ။
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။
အခန်းကိုကြည့်ပါ။