၄ ရာ 23:4 - မြန်မာ့စံမီသမ္မာကျမ်း
4 ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
4 ထိုနောက်ယောရှိသည် ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ သူ၏လက်ထောက်ယဇ်ပုရောဟိတ် များနှင့် ဗိမာန်တော်အဝင်ဝတွင်တာဝန်ကျ သည့်အစောင့်တပ်သားများအားဗာလဘုရား၊ အာရှရဘုရားမနှင့်ကြယ်နက္ခတ်တို့ကို ကိုးကွယ်ရာ၌အသုံးပြုသည့်ပစ္စည်းအသုံး အဆောင်တို့ကို ဗိမာန်တော်ထဲမှထုတ်ဆောင် လာရန်အမိန့်ပေးတော်မူ၏။ မင်းကြီးသည် ဤပစ္စည်းအသုံးအဆောင်ရှိသမျှကို မြို့ ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းအနီးတွင်မီးရှို့ပြီး လျှင် ပြာကိုဗေသလမြို့သို့ယူဆောင်သွား စေ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
4 ထို နောက် ပ ရော ဟိတ် မင်း ဟိ လ ခိ နှင့် ဒု တိ ယ ပ ရော ဟိတ် တို့ မှ စ သော အ ထွက် အ ဝင် စောင့် ကြည့် ရ သူ တို့ သည် ဗာ လ နတ်၊ အ ရှဲ ရာ နတ် နှင့် က မ္ဘာ့ တန် ဆာ ရှိ သ မျှ အ ဖို့ တည် လုပ် ခဲ့ သော အ ရာ များ ကို အ မိန့် တော် အ တိုင်း ဗိ မာန် တော် မှ ထုတ် ယူ၍ ယေ ရု ရှ လင် မြို့ ပြင် ကေ ဒြုန် ချိုင့် ရှိ မြေ ကွက် များ၌ မီး တိုက် ပြီး လျှင် ပြာ ကို ဗေ သ လ မြို့ သို့ ပို့ ရ ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
4 နောက်တစ်ဖန် ယဇ်ပုရောဟိတ်မင်းဟိလခိ၊ ဒုတိယယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုးကောင်းကင်တန်ဆာအဖို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန်တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ