“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အားဖြင့် မြွက်ဆိုတော်မူ၏။ စကားတော်သည် ငါ၏လျှာတွင် တည်တော်မူ၏။
၂ ပေ 1:21 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။ Judson Bible အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။ |
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အားဖြင့် မြွက်ဆိုတော်မူ၏။ စကားတော်သည် ငါ၏လျှာတွင် တည်တော်မူ၏။
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ထိုအခါ ထိုအမျိုးသမီးက ဧလိယအား “သင်သည် ဘုရားသခင်၏လူဖြစ်ကြောင်း၊ သင်ဆင့်ဆိုသောထာဝရဘုရား၏စကားတော်သည် မှန်ကန်ကြောင်းကို အကျွန်ုပ်သိပါပြီ”ဟု ဆို၏။
ထို့နောက် မိမိခင်ပွန်းကိုခေါ်၍ “ငယ်သားတစ်ဦးနှင့် မြည်းတစ်ကောင်ကို အကျွန်ုပ်ထံ ပို့ပေးပါ။ အကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ အမြန်သွားပြီး ပြန်လာပါမည်”ဟု ဆို၏။
ထိုမိန်းမသည် ဘုရားသခင်၏လူထံသို့လာ၍ပြောပြသောအခါ သူက “ထိုဆီများကို သွားရောင်းပြီး အကြွေးများကို ဆပ်ပါ။ ကျန်ငွေကို သင်နှင့်သင့်သားတို့ အသက်မွေးဖို့ အသုံးပြုပါ”ဟု ဆို၏။
ထိုအမျိုးသမီးက မိမိခင်ပွန်းအား “အကျွန်ုပ်တို့ထံ မကြာခဏဝင်ထွက်သွားလာသောဤသူသည် ဘုရားသခင်၏သန့်ရှင်းသောလူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။
အစ္စရေးဘုရင်လည်း ဘုရားသခင်၏လူသတိပေးသောနေရာသို့ မိမိလူတို့ကို စေလွှတ်၍စူးစမ်းစေ၏။ ဤနည်းဖြင့် ရန်သူကို တစ်ကြိမ်နှစ်ကြိမ်မက ရှောင်နိုင်ခဲ့၏။
ဘုရားသခင့်လူ၏ငယ်သားတစ်ယောက်က စောစောထ၍အပြင်ထွက်ကြည့်သောအခါ စစ်သည်နှင့် မြင်းများ၊ ရထားများ မြို့ကိုဝိုင်းရံထားသည်ကို တွေ့သဖြင့် ထိုငယ်သားက သူ့သခင်အား “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်တို့ မည်သို့ပြုရပါမည်နည်း”ဟု မေးလျှောက်၏။
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။
မုသားသည် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့၏စိတ်ထဲ၌ မည်မျှကြာအောင်ရှိနေဦးမည်နည်း။ သူတို့သည် သူတို့စိတ်ထဲ၌ရှိသည့် လှည့်စားမှုအတိုင်း ပရောဖက်ပြုကြ၏။
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။
သို့ဖြစ်၍ ဗျာဒိတ်ရသူတို့သည် အရှက်ကွဲရလိမ့်မည်။ ဂမ္ဘီရအတတ်ကိုသုံးသောသူတို့သည် မျက်နှာပျက်ရလိမ့်မည်။ ဘုရားသခင်သည် သူတို့ကိုထူးတော်မမူသောကြောင့် သူတို့အားလုံး နှုတ်ပိတ်နေရလိမ့်မည်။
မောရှေက သူတို့အား “ဤအမှုအားလုံးကို ငါ့စိတ်သဘောအတိုင်း ငါပြုသည်မဟုတ်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူ၍ ငါပြုခြင်းဖြစ်ကြောင်း ဤနည်းဖြင့် သင်တို့ သိကြရမည်။
ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
“ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြပေးသူဖြစ်သည့် ယုဒဣရှကာရုတ်နှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်၏နှုတ်အားဖြင့် ကြိုတင်ဟောကြားထားသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဖြစ်၏။
ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား
သို့သော် ဘုရားသခင်သည် မိမိ၏ခရစ်တော်ဒုက္ခဝေဒနာခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ကြိုတင်ဖော်ပြထားသောအရာတို့ကို ထိုသို့ပြည့်စုံစေတော်မူ၏။
ဘုရားသခင်၏လူမောရှေ မကွယ်လွန်မီ အစ္စရေးအမျိုးသားတို့အား ပေးခဲ့သော ကောင်းချီးမင်္ဂလာကား ဤသို့ဖြစ်၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
တဲတော်ပထမအခန်းတည်ရှိနေသရွေ့ အလွန်သန့်ရှင်းရာဌာနသို့ဝင်ရောက်ရာလမ်းသည် မပွင့်သေးကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ဤအမှုအရာအားဖြင့် ဖော်ပြတော်မူ၏။
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။