တောလည် 16:28 - မြန်မာ့စံမီသမ္မာကျမ်း28 မောရှေက သူတို့အား “ဤအမှုအားလုံးကို ငါ့စိတ်သဘောအတိုင်း ငါပြုသည်မဟုတ်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူ၍ ငါပြုခြင်းဖြစ်ကြောင်း ဤနည်းဖြင့် သင်တို့ သိကြရမည်။ အခန်းကိုကြည့်ပါ။Common Language Bible28 မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။- အခန်းကိုကြည့်ပါ။Garrad Bible28 မော ရှေ က၊ ဤ အ မှု အ ရာ များ ကို ငါ့ အ လို အ လျောက် မ ဟုတ်၊ ထာ ဝ ရ ဘု ရား သည် စေ ခိုင်း တော် မူ၍ ငါ ပြု ရ ကြောင်း သင် တို့ သိ ရ ကြ မည့် နည်း မှာ၊ အခန်းကိုကြည့်ပါ။Judson Bible28 မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည်အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည်အကြောင်းကို သင်တို့သည် အဘယ်သို့သိရမည်နည်း ဟူမူကား၊ အခန်းကိုကြည့်ပါ။ |
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။