အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
၁ ရာချုပ် 28:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။ Common Language Bible ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။- Garrad Bible ထို အ ခါ ဒါ ဝိဒ် မင်း သည် သား တော် ရှော လ မုန် အား ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် မုတ် ဆောင်၊ ဘ ဏ္ဍာ တိုက်၊ အ ထက် ခန်း၊ အ တွင်း ခန်း၊ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ခန်း များ မှ စ သော အ ဆောင် ဆောင် ၏ ပုံ စံ ကို လည်း ကောင်း၊ Judson Bible ထိုအခါ အိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ ကရုဏာပလ္လင်ထားရာအခန်း၏ပုံကိုလည်းကောင်း၊ |
အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။
ထို့ပြင် ဒါဝိဒ်မင်းကြီး၏စိတ်ထဲတွင်ပေါ်လာသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်ဝင်းအပါအဝင် ပတ်လည်အခန်းများအားလုံး၊ ဘုရားသခင်အိမ်တော်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာသိုလှောင်ရုံ စသည်တို့၏ပုံစံများကိုပါ ပေးအပ်လေ၏။
“ဤပုံစံအားလုံးကို ထာဝရဘုရား ရေးဆွဲထားပြီး လုပ်ဆောင်ရမည့်ပုံစံအသေးစိတ်ကို ငါ့အား သိနားလည်စေတော်မူပြီ”ဟု ဆိုလေ၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်တို့၏အတောင်တော်အောက်တွင် နေရာချထား၏။
သူ့အား အခန်းကြီးတစ်ခန်းကို ပေးထား၏။ ထိုအခန်းသည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်ပစ္စည်းများနှင့်တကွ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များကို ပညတ်တော်အတိုင်းပေးရသော ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပုရောဟိတ်တို့အတွက် အလှူပစ္စည်းတို့ကို သိုထားသောအခန်းဖြစ်၏။
တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။
ကိန်းဝပ်တော်မူရာတဲတော်၏ပုံစံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့၏ပုံစံကို သင့်အားငါပြသမျှအတိုင်း သင်တို့လုပ်ရမည်။
တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့်ပုံစံအတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကို တည်ရမည်။
“သင်သည် ရေခပ်အမျိုးသားတို့ထံ သွား၍စကားပြောလော့။ သူတို့ကို ထာဝရဘုရား၏အိမ်တော်အခန်းတစ်ခုသို့ ခေါ်လာ၍ စပျစ်ဝိုင်ကိုတိုက်လော့”ဟု မိန့်ဆို၏။
ထို့နောက် ကိုယ်တော်သည် မျှော်ကြည့်၍ ချမ်းသာသောသူတို့သည် အလှူခံသေတ္တာထဲသို့ မိမိတို့၏အလှူငွေများထည့်နေကြသည်ကို မြင်တော်မူ၏။
မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။