Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 28:11 - Common Language Bible

11 ဒါ​ဝိဒ်​သည်​ဗိ​မာန်​တော်​ဆိုင်​ရာ​အ​ဆောက် အ​အုံ​ရှိ​သ​မျှ​တို့​၏​ပုံ​စံ​များ​ကို​လည်း ကောင်း၊ ပစ္စည်း​သို​လှောင်​ရာ​မှ​စ​၍​အ​ခြား အ​ခန်း​အ​ပေါင်း​နှင့်​အ​ပြစ်​ဖြေ​လွှတ်​ရာ မြင့်​မြတ်​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​စံ​ကို လည်း​ကောင်း​ရှော​လ​မုန်​အား​ပေး​အပ်​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို အ ခါ ဒါ ဝိဒ် မင်း သည် သား တော် ရှော လ မုန် အား ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် မုတ် ဆောင်၊ ဘ ဏ္ဍာ တိုက်၊ အ ထက် ခန်း၊ အ တွင်း ခန်း၊ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ခန်း များ မှ စ သော အ ဆောင် ဆောင် ၏ ပုံ စံ ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​အ​ခါ အိမ်​တော်​ဦး၊ အ​ဆောင်​ကြီး၊ ဘ​ဏ္ဍာ​တိုက်၊ အ​ထက်​ခန်း၊ အ​တွင်း​ခန်း၊ က​ရု​ဏာ​ပ​လ္လင်​ထား​ရာ​အ​ခန်း၏​ပုံ​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သား​တော်​ရှောလမုန်​အား ဆင်ဝင်​အပါအဝင် အိမ်​တော်​အဆောက်အအုံ​၊ ဘဏ္ဍာတိုက်​များ​၊ အထက်ခန်း​များ​၊ အတွင်းခန်း​များ​၊ ကရုဏာ​တော်​ပလ္လင်​အခန်း စသည်​တို့​၏​ပုံစံ​များ​ကို ပေးအပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 28:11
28 ပူးပေါင်းရင်းမြစ်များ  

တစ်​ထပ်​လျှင်​ခု​နစ်​ပေ​ခွဲ​မြင့်​သည့်​သုံး​ထပ် အ​ခန်း​ငယ်​များ​ကို​ဗိ​မာန်​တော်​အ​ပြင်​နံ​ရံ များ​နှင့်​ကပ်​၍​ဆောက်​လုပ်​ပြီး​လျှင် သစ်​က​တိုး ယက်​မ​များ​ဖြင့်​နံ​ရံ​နှင့်​ဆက်​စပ်​၍​ထား လေ​သည်။


မျက်​နှာ​စာ​မုဒ်​ဦး​ဆောင်​သည်​ဗိ​မာန်​တော်​ကဲ့​သို့ ပင် အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​ပေ​သုံး​ဆယ် ရှိ​လေ​သည်။-


မင်း​ကြီး​သည်​မိ​မိ​ကြံ​စည်​ထား​တော်​မူ သည့်​အ​တိုင်း ဗိ​မာန်​တော်​တံ​တိုင်း​များ​နှင့် တံ​တိုင်း​ပတ်​လည်​ရှိ​အ​ခန်း​များ၊ ဗိ​မာန် တော်​ပစ္စည်း​တန်​ဆာ​များ​သို​မှီး​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည့် လှူ​ဖွယ်​ပစ္စည်း​သို​လှောင်​ခန်း​တို့​၏​ပုံ​စံ များ​ကို​လည်း​ပေး​အပ်​တော်​မူ​၏။-


ဒါ​ဝိဒ်​မင်း​က``ဤ​အ​ရာ​အား​လုံး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ငါ့​အား​ဆောင် ရွက်​ရန်​ညွှန်​ကြား​တော်​မူ​သည်​အ​တိုင်း​ရေး ဆွဲ​ထား​ခြင်း​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။


ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-


ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ နံ့​သာ​ပေါင်း၊ ဗိ​မာန်​တော်​အ​သုံး​အ​ဆောင်​များ​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​လှူ​ရ​သော အ​လှူ​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​အ​တွက် ဆယ် ဖို့​တစ်​ဖို့​ပေး​လှူ​သော​ဆန်​စ​ပါး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​ကို​သို​လှောင်​ရန်​အ​တွက် သာ​လျှင် အ​သုံး​ပြု​သော​အ​ခန်း​ကြီး​ကို တော​ဘိ​အား​အ​သုံး​ပြု​ခွင့်​ပေး​ထား​လေ သည်။-


တောင်​ပေါ်​တွင်​သင့်​အား​ငါ​ပြ​သော​ပုံ​စံ​နှင့် အ​ညီ​ပြု​လုပ်​ရန်​သ​တိ​ပြု​လော့။


တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။


သင့်​အား​တောင်​ပေါ်​မှာ​ပြ​သော​ပုံ​စံ​အ​တိုင်း တဲ​တော်​ကို​တည်​ဆောက်​ရ​မည်။


``သင်​သည်​ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့ ထံ​သို့​သွား​၍​စ​ကား​စ​မြည်​ပြော​ပြီး​လျှင် သူ​တို့​အား​ဗိ​မာန်​တော်​အ​ခန်း​တစ်​ခု​သို့ ခေါ်​ဆောင်​ကာ​စ​ပျစ်​ရည်​ကို​တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-


မုခ်​ပေါက်​ဝ​မှ​နေ​၍​အ​စွန်​ဆုံး​အ​ခန်း​အ​ထိ စု​စု​ပေါင်း​ရှစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-


ကိုယ်​တော်​သည်​မော်​၍​ကြည့်​လိုက်​ရာ​ချမ်း​သာ ကြွယ်​ဝ​သူ​များ​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့ အ​လှူ​ဒါ​န​ထည့်​ဝင်​နေ​ကြ​သည်​ကို​မြင်​တော် မူ​၏။-


ယဇ်​ပု​ရော​ဟိတ်​များ​ပြု​သော​အ​မှု​အ​ရာ​များ သည် ကောင်း​ကင်​ဘုံ​ရှိ​အ​မှု​အ​ရာ​များ​၏​ပုံ​တူ နှင့်​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ပေ​သည်။ မော​ရှေ ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​သည်​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ပ​ဋိ​ညာဉ်​တဲ​တော်​ကို​တည်​ဆောက်​မည်​ပြု သော​အ​ခါ ဘု​ရား​သ​ခင်​က``တောင်​ပေါ်​တွင် သင့်​အား​ငါ​ပြ​ခဲ့​သည့်​ပုံ​စံ​နှင့်​အ​ညီ အ​လုံး စုံ​တို့​ကို​ပြု​လုပ်​ရန်​သ​တိ​မ​မေ့​နှင့်'' ဟု ညွှန်​ကြား​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ