Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 28:12 - Common Language Bible

12 မင်း​ကြီး​သည်​မိ​မိ​ကြံ​စည်​ထား​တော်​မူ သည့်​အ​တိုင်း ဗိ​မာန်​တော်​တံ​တိုင်း​များ​နှင့် တံ​တိုင်း​ပတ်​လည်​ရှိ​အ​ခန်း​များ၊ ဗိ​မာန် တော်​ပစ္စည်း​တန်​ဆာ​များ​သို​မှီး​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည့် လှူ​ဖွယ်​ပစ္စည်း​သို​လှောင်​ခန်း​တို့​၏​ပုံ​စံ များ​ကို​လည်း​ပေး​အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 တံ တိုင်း၊ ပတ် ဝန်း ကျင် ရှိ လှိုင် တန်း၊ ဘု ရား သ ခင့် ဗိ မာန် အ ဆောင် အ ရွက် တော် နှင့် အ လှူ တော် ဘ ဏ္ဍာ တိုက် များ ၏ ပုံ စံ ကို လည်း ကောင်း၊ ဝိ ညာဉ် တော် အား ဖြင့် ရ ရှိ သည့် အ တိုင်း ပေး လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တံ​တိုင်း​များ၊ ပတ်​လည်၌ ကာ​သော​အ​ခန်း​များ၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​တိုက်​များ၊ ပူ​ဇော်​သော​အ​ရာ​သို​ထား​ရာ တိုက်​များ​တို့၏​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​ကြံ​စည်​သ​မျှ​အ​တိုင်း၊ ဒါ​ဝိဒ်​သည် သား​တော်​ရှော​လ​မုန်​အား အပ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို့ပြင် ဒါဝိဒ်​မင်းကြီး​၏​စိတ်​ထဲတွင်​ပေါ်လာ​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အပါအဝင် ပတ်လည်​အခန်း​များ​အားလုံး​၊ ဘုရားသခင်​အိမ်​တော်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​သိုလှောင်ရုံ စသည်​တို့​၏​ပုံစံ​များ​ကို​ပါ ပေးအပ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 28:12
16 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​ပြု​လုပ်​ခဲ့​သည့်​ရွှေ​ဒိုင်း​လွှား​များ အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း​တော်​မှ​ဘဏ္ဍာ တော်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​သွား​လေ သည်။-


သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သမျှ​သော​ဥစ္စာ​ပစ္စည်း​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ အ​သုံး ဆောင်​များ​ကို​ဗိ​မာန်​တော်​တွင်​ထား​ရှိ​တော်​မူ​၏။


ထို့​ကြောင့်​အာ​သ​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း တော်​တွင်​ကျန်​ရှိ​နေ​သေး​သော ရွှေ၊ ငွေ​ရှိ​သ​မျှ​ကို မှူး​မတ်​အ​ချို့​တို့​လက်​ဖြင့်​ဒ​မာ​သက်​မြို့​ရှိ ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ယူ​ဆောင်​သွား​စေ တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ကား​ရေ​ဇုန်​၏​မြေး၊ တာ​ဗ​ရိ မုန်​၏​သား​ဖြစ်​သ​တည်း။-


ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။


အာ​ခတ်​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​ထဲ​မှ​ရွှေ၊ ငွေ​တို့​ကို​ယူ​၍​ဧ​က​ရာဇ် မင်း​အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဆက်​သ လေ​သည်။-


ဟေ​ဇ​ကိ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​၌ ရှိ​သ​မျှ​သော​ငွေ​ကို​လည်း​ကောင်း၊-


အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-


ဒါ​ဝိဒ်​သည်​ဗိ​မာန်​တော်​ဆိုင်​ရာ​အ​ဆောက် အ​အုံ​ရှိ​သ​မျှ​တို့​၏​ပုံ​စံ​များ​ကို​လည်း ကောင်း၊ ပစ္စည်း​သို​လှောင်​ရာ​မှ​စ​၍​အ​ခြား အ​ခန်း​အ​ပေါင်း​နှင့်​အ​ပြစ်​ဖြေ​လွှတ်​ရာ မြင့်​မြတ်​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​စံ​ကို လည်း​ကောင်း​ရှော​လ​မုန်​အား​ပေး​အပ်​တော် မူ​၏။-


ဒါ​ဝိဒ်​မင်း​က``ဤ​အ​ရာ​အား​လုံး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ငါ့​အား​ဆောင် ရွက်​ရန်​ညွှန်​ကြား​တော်​မူ​သည်​အ​တိုင်း​ရေး ဆွဲ​ထား​ခြင်း​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။


တောင်​ပေါ်​တွင်​သင့်​အား​ငါ​ပြ​သော​ပုံ​စံ​နှင့် အ​ညီ​ပြု​လုပ်​ရန်​သ​တိ​ပြု​လော့။


``သင်​သည်​ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့ ထံ​သို့​သွား​၍​စ​ကား​စ​မြည်​ပြော​ပြီး​လျှင် သူ​တို့​အား​ဗိ​မာန်​တော်​အ​ခန်း​တစ်​ခု​သို့ ခေါ်​ဆောင်​ကာ​စ​ပျစ်​ရည်​ကို​တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-


ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​ပြည်​သို့​ခေါ်​ဆောင်​တော်​မူ​၍ မြင့်​သော​တောင်​ပေါ်​တွင်​ချ​ထား​တော်​မူ​၏။ ထို​တောင်​၏​တောင်​ဘက်​၌​မြို့​တစ်​မြို့​နှင့်​တူ​သော​အ​ဆောက်​အ​အုံ​များ​ကို​ငါ​မြင်​ရ​၏။-


တံ​တိုင်း​အ​ပြင်​ဝင်း​အ​တွင်း​၌​မြောက်​ဘက်​အ​တွင်း​မုခ်​ပေါက်​နှင့်​ကပ်​၍​တည်​ဆောက်​ထား​သော​တိုး​ချဲ့​ဆောင်​ရှိ​၏။ ထို​အ​ဆောက်​အ​အုံ​မှ​နေ​၍​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ဝင်​ခန်း​ကို​ဝင်​နိုင်​၏။ ဤ​အ​ဆောက်​အ​အုံ​သည်​တစ်​တောင်​လုံး​မီး​ရှို့​ပူ​ဇော်​မည့်​ယဇ်​ကောင်​များ​ကို​ဆေး​ကြော​ရာ​ဖြစ်​၏။-


ယဇ်​ပု​ရော​ဟိတ်​များ​ပြု​သော​အ​မှု​အ​ရာ​များ သည် ကောင်း​ကင်​ဘုံ​ရှိ​အ​မှု​အ​ရာ​များ​၏​ပုံ​တူ နှင့်​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ပေ​သည်။ မော​ရှေ ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​သည်​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ပ​ဋိ​ညာဉ်​တဲ​တော်​ကို​တည်​ဆောက်​မည်​ပြု သော​အ​ခါ ဘု​ရား​သ​ခင်​က``တောင်​ပေါ်​တွင် သင့်​အား​ငါ​ပြ​ခဲ့​သည့်​ပုံ​စံ​နှင့်​အ​ညီ အ​လုံး စုံ​တို့​ကို​ပြု​လုပ်​ရန်​သ​တိ​မ​မေ့​နှင့်'' ဟု ညွှန်​ကြား​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ