၂ ရာချုပ် 5:7 - မြန်မာ့စံမီသမ္မာကျမ်း7 ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်တို့၏အတောင်တော်အောက်တွင် နေရာချထား၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 ပ ရော ဟိတ် တို့ လည်း ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ဗိ မာန် တော် အ တွင်း ခန်း၊ အ ထူး သန့် ရှင်း ရာ ဌာ န၊ ခေ ရု ဗ အ တောင့် အောက် ပြင် ဆင် ပြီး နေ ရာ သို့ သွင်း ထား ကြ ရာ အခန်းကိုကြည့်ပါ။Judson Bible7 ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့ သွင်း၍ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။