သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
၁ တိ 3:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။ Common Language Bible အသင်းတော်ကိုခေါင်းဆောင်သူသည်အပြစ် ဆိုဖွယ်မရှိသူဖြစ်ရမည်။ ထိုသူ၌ဇနီး တစ်ယောက်သာရှိရမည်။ သူသည်သမ္မာသတိ ရှိသူ၊ ဣန္ဒြေစောင့်စည်းသူ၊ လျောက်ပတ်စွာနေထိုင် ကျင့်ကြံသူဖြစ်ရမည်။ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ရမည်။ သင်ကြားတတ်သူဖြစ်ရမည်။- Garrad Bible သို့ ဖြစ်၍ သင်း အုပ် သည် အ ပြစ် တင် ခွင့် မဲ့ သူ၊ မ ယား တစ် ယောက် နှင့် သာ အိမ် ထောင် ပြု သူ၊ သ တိ ရှိ သူ၊ ဣ န္ဒြေ စောင့် သူ၊ သင့် လျော် စွာ ပြု သူ၊ ဧည့် ဝတ် ကြေ သူ၊ သင် ကြား တတ် သူ၊ Judson Bible ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်းအုပ်သည် အပြစ်ဆိုဖွယ်မရှိသူ၊ မယားတစ်ယောက်တည်းရှိသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။ |
သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင်
သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
သင်းထောက်တို့သည် မယားတစ်ဦးတည်းရှိသောသူ၊ မိမိတို့အိမ်ထောင်နှင့်သားသမီးများကို ကောင်းစွာစီမံအုပ်ချုပ်နေသူများဖြစ်ရမည်။
ထိုနည်းတူ သင်းထောက်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ လျှာနှစ်ခွရှိသောသူ၊ စပျစ်ဝိုင်သောက်ကြူးသောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူများမဟုတ်ဘဲ
သူတို့သည် အိမ်ထောင်ပြုခြင်းကိုတားမြစ်ကြ၍ ယုံကြည်သူနှင့်သမ္မာတရားကိုသိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက်သုံးဆောင်ရန်အတွက် ဘုရားသခင်ဖန်ဆင်းထားသောအစားအစာများကို ရှောင်ကြဉ်စေကြလိမ့်မည်။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။
မုဆိုးမအဖြစ်စာရင်းသွင်းရမည့်သူသည် အသက်ခြောက်ဆယ်ထက်မနည်းရ။ သူသည် ယောက်ျားတစ်ဦးတည်းရှိခဲ့သည့် အမျိုးသမီးဖြစ်ပြီး
သခင်ဘုရား၏အစေအပါးသည် ခိုက်ရန်မဖြစ်ရ။ သူသည် လူအပေါင်းတို့အပေါ် ဖြည်းညင်းသောသဘောရှိ၍ သင်ကြားပေးနိုင်စွမ်းရှိသောသူ၊ မတရားသဖြင့်ခံရခြင်းကို သည်းခံတတ်သောသူဖြစ်ပြီး
အသက်ကြီးသောယောက်ျားတို့အား သမ္မာသတိရှိသောသူ၊ တည်ကြည်လေးနက်သောသူ၊ ဣန္ဒြေစောင့်သောသူဖြစ်ကြရန်နှင့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌ မှန်ကန်ပြည့်စုံမှုရှိကြရန် ဟောပြောလော့။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။
သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။