တောင်ဘက်အရပ်ရှိမြို့များ ပိတ်ထားခြင်းခံရပြီ။ ဖွင့်မည့်သူတစ်ယောက်မျှမရှိ။ ယုဒပြည်သားအပေါင်းတို့သည် တစ်ယောက်မကျန်ဖမ်းခေါ်သွားခြင်းခံရလေပြီ။
သြဗဒိ 1:20 - မြန်မာ့စံမီသမ္မာကျမ်း ဖမ်းခေါ်သွားခြင်းခံရသော အစ္စရေးလူမျိုးအလုံးအရင်းတို့သည် ခါနာန်ပြည်ကို ဇရတ္တမြို့တိုင်အောင် ပိုင်ဆိုင်ရလိမ့်မည်။ ဖမ်းခေါ်သွားခြင်းခံရ၍ သေဖရဒ်ပြည်သို့ရောက်ရှိသွားသော ဂျေရုဆလင်မြို့သားတို့သည် နေဂေ့အရပ်ရှိမြို့များကို ပိုင်ဆိုင်ရလိမ့်မည်။ Common Language Bible ဣသရေလပြည်မြောက်ပိုင်းမှပြည်နှင်ဒဏ် သင့်သူတို့၏တပ်မတော်သည်ပြန်လာ၍၊ မြောက်ဘက်ရှိဇရတ္တမြို့တိုင်အောင်ဖိုနိရှ ပြည်ကို သိမ်းယူကြလိမ့်မည်။ ယေရုရှလင်မြို့မှပြည်နှင်ဒဏ်သင့်၍ သေဖရဒ်မြို့သို့ ရောက်ရှိနေသူများသည် ယုဒပြည်တောင်ပိုင်းမြို့များကိုသိမ်းယူ ကြလိမ့်မည်။ Garrad Bible သုံ့ ဘမ်း ခံ ရ သော ဣ သ ရေ လ အ လုံး အ ရင်း သည် ဇ ရ တ္ထ မြို့ တိုင် အောင် ခါ န နိ ပြည် ကို အ ရ ပိုင် လျက် သေ ဖ ရဒ် ပြည် ရှိ သုံ့ ဘမ်း ခံ ရ သော ယေ ရု ရှ လင် မြို့ သား တို့ လည်း နေ ဂပ် ခ ရိုင် ရှိ မြို့ ရွာ များ ကို အ ပိုင် ရ ကြ ဦး မည်။ Judson Bible သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်လည်းကောင်း၊ သိမ်းသွားခြင်းကိုခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကိုလည်းကောင်း သိမ်းယူကြလိမ့်မည်။ |
တောင်ဘက်အရပ်ရှိမြို့များ ပိတ်ထားခြင်းခံရပြီ။ ဖွင့်မည့်သူတစ်ယောက်မျှမရှိ။ ယုဒပြည်သားအပေါင်းတို့သည် တစ်ယောက်မကျန်ဖမ်းခေါ်သွားခြင်းခံရလေပြီ။
ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ငါပြန်လာစေသဖြင့် ဗင်္ယာမိန်ပြည်၊ ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၌ လယ်တို့ကို အသိသက်သေများခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးတံဆိပ်ခတ်ပြီး ငွေဖြင့်ဝယ်ယူကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါ့လူမျိုးတော်အစ္စရေးကို သင်တို့ပေါ်တွင် သွားလာစေမည်။ သူတို့သည် သင့်ကို အမွေမြေအဖြစ် အပိုင်သိမ်းကြလိမ့်မည်။ သူတို့၏သားသမီးတို့ကို သင်တို့ဆုံးရှုံးစေတော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
သို့သော် ထိုသူတို့ထဲက မည်သူ့ထံသို့မျှ ဧလိယကိုစေလွှတ်တော်မမူဘဲ ဆီဒုန်ပြည်၊ ဇရတ္တမြို့ရှိ မုဆိုးမတစ်ဦးထံသို့သာ စေလွှတ်တော်မူ၏။