သြဗဒိ 1:20 - Common Language Bible20 ဣသရေလပြည်မြောက်ပိုင်းမှပြည်နှင်ဒဏ် သင့်သူတို့၏တပ်မတော်သည်ပြန်လာ၍၊ မြောက်ဘက်ရှိဇရတ္တမြို့တိုင်အောင်ဖိုနိရှ ပြည်ကို သိမ်းယူကြလိမ့်မည်။ ယေရုရှလင်မြို့မှပြည်နှင်ဒဏ်သင့်၍ သေဖရဒ်မြို့သို့ ရောက်ရှိနေသူများသည် ယုဒပြည်တောင်ပိုင်းမြို့များကိုသိမ်းယူ ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible20 သုံ့ ဘမ်း ခံ ရ သော ဣ သ ရေ လ အ လုံး အ ရင်း သည် ဇ ရ တ္ထ မြို့ တိုင် အောင် ခါ န နိ ပြည် ကို အ ရ ပိုင် လျက် သေ ဖ ရဒ် ပြည် ရှိ သုံ့ ဘမ်း ခံ ရ သော ယေ ရု ရှ လင် မြို့ သား တို့ လည်း နေ ဂပ် ခ ရိုင် ရှိ မြို့ ရွာ များ ကို အ ပိုင် ရ ကြ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible20 သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်လည်းကောင်း၊ သိမ်းသွားခြင်းကိုခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကိုလည်းကောင်း သိမ်းယူကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ဖမ်းခေါ်သွားခြင်းခံရသော အစ္စရေးလူမျိုးအလုံးအရင်းတို့သည် ခါနာန်ပြည်ကို ဇရတ္တမြို့တိုင်အောင် ပိုင်ဆိုင်ရလိမ့်မည်။ ဖမ်းခေါ်သွားခြင်းခံရ၍ သေဖရဒ်ပြည်သို့ရောက်ရှိသွားသော ဂျေရုဆလင်မြို့သားတို့သည် နေဂေ့အရပ်ရှိမြို့များကို ပိုင်ဆိုင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။
တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ဤသို့ငါပြုခဲ့သည်မှာသေချာသကဲ့သို့ ယာကုပ်၏သားမြေးများနှင့်လည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်နှင့်လည်းကောင်းထား ရှိခဲ့သည့်ပဋိညာဉ်ကိုစောင့်ထိန်းရန်သေ ချာ၏။ ငါသည်အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် တို့၏သားမြေးများကိုအုပ်စိုးရန်အတွက် ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးကိုရွေး ကောက်မည်။ ငါ၏လူမျိုးတော်အားတစ်ဖန် ပြန်၍ကောင်းစားစေမည်။ ငါသည်သူတို့ ၏အပေါ်၌ကရုဏာထားမည်'' ဟု မိန့်တော်မူ၏။