အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။
သူကြီး 11:26 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။ Common Language Bible ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။- Garrad Bible ဣ သ ရေ လ လူ မျိုး သည် ဟေ ရှ ဘုန် မြို့ နှင့် နိ ဂုံး များ၌လည်း ကောင်း၊ အာ ရော် မြို့ နှင့် နိ ဂုံး များ ၌ လည်း ကောင်း၊ အာ နုန် ချောင်း တစ် လျှောက် ရှိ သ မျှ သော မြို့ ရွာ များ ၌ လည်း ကောင်း၊ နှစ် ပေါင်း သုံး ရာ ပတ် လုံး နေ စဉ် အ ခါ၊ အ ဘယ် ကြောင့် မ သိမ်း မ ယူ ဘိ သ နည်း။ Judson Bible ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့၌လည်းကောင်း၊ အာရော်မြို့ရွာတို့၌လည်းကောင်း၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့၌လည်းကောင်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း။ |
အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။
ထို့နောက် ခါနာန်ပြည်ရှိလူမျိုးခုနစ်မျိုးတို့ကို ဖျက်ဆီး၍ သူတို့၏တိုင်းပြည်ကို လူမျိုးတော်အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
ထ၍ ခရီးပြုကြလော့။ အာနုန်ချောင်းကိုကူးသွားလော့။ အာမောရိလူမျိုးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် သူ၏ပြည်ကို သင်တို့လက်သို့ ငါအပ်ပြီ။ သူ့ပြည်ကိုစတင်သိမ်းပိုက်လော့။ သူ့ကိုရန်စ၍ တိုက်ခိုက်လော့။
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
ထိုအခါ ထာဝရဘုရားက ငါ့အား ‘သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်’ဟု မိန့်တော်မူ၏။
အကုန်အစင်ဖျက်ဆီးပစ်၏။ ငါတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးကို ပြုသကဲ့သို့ ထိုမြို့အားလုံးရှိ ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်၏။
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး ပိုင်နက်ဖြစ်သည့် အာနုန်ချောင်းနံဘေးရှိအာရော်မြို့၊ အာနုန်ချောင်း တစ်ဝက်မှ ဂိလဒ်ပြည်တစ်ဝက်၊ အမ္မုန်အမျိုးသားတို့နယ်စပ် ယဗ္ဗုတ်ချောင်းအထိ အောင်နိုင်ခဲ့၏။
ဟေရမုန်တောင်၊ သာလကအရပ်နှင့် ဗာရှန်တစ်ပြည်လုံးမှစ၍ ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့၏နယ်နိမိတ်အထိ၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏နယ်နိမိတ်အထိ သိမ်းပိုက်နိုင်ခဲ့၏။
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီးပိုင်သောမြို့အားလုံးနှင့်တကွ အမ္မုန်အမျိုးသားတို့၏နယ်နိမိတ်အထိ၊
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊
ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊
ထို့နောက် ထာဝရဘုရားသည် အစ္စရေးလူမျိုးအား ပတ်ဝန်းကျင်ရှိ ရန်သူအပေါင်းတို့၏ဘေးမှ ကာလအတန်ကြာ ကင်းငြိမ်းစေတော်မူ၏။ ယောရှုသည်လည်း အသက်အရွယ်ကြီးရင့်လာ၏။
ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။
တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။
ထိုနေ့တွင် မောဘလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သွားပြီး ပြည်သည် အနှစ်ရှစ်ဆယ် ငြိမ်းချမ်းလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။
ဤသို့ဖြင့် မိဒျန်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ကြပြီး နောက်တစ်ဖန် ခေါင်းမထောင်ကြတော့ချေ။ ထိုအချိန်မှစ၍ ဂိဒေါင်အသက်ရှင်စဉ် အနှစ်လေးဆယ်ပတ်လုံး တိုင်းပြည်ငြိမ်းချမ်းလေ၏။