သူကြီး 11:27 - မြန်မာ့စံမီသမ္မာကျမ်း27 အကျွန်ုပ်သည် သင့်ကို အမှားပြုမိသည်မဟုတ်။ သင်ကသာ အကျွန်ုပ်ကို တိုက်ခိုက်ပြီးအမှားလုပ်မိပြီ။ ယနေ့ တရားသူကြီးထာဝရဘုရားကသာ အစ္စရေးအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့ကြား တရားစီရင်ပါစေ’ဟူ၍ မှာကြားလိုက်သည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ငါသည်သင့်အားအဘယ်သို့မျှမပြစ်မှား။ သင်သာလျှင်ငါ့အားစစ်တိုက်ခြင်းဖြင့် အမှားကိုပြု၏။ ထာဝရဘုရားသည်တရား သူကြီးဖြစ်တော်မူ၏။ ကိုယ်တော်သည်ဣသ ရေလအမျိုးသားနှင့်အမ္မုန်အမျိုးသား တို့စပ်ကြား၌ ယနေ့တရားစီရင်ဆုံး ဖြတ်တော်မူပါလိမ့်မည်။-'' အခန်းကိုကြည့်ပါ။Garrad Bible27 သင့် အား ကျွန်ုပ် ပြစ် မှား ခဲ့ သည် မ ဟုတ် ပါ။ သင် သာ လျှင် ကျွန်ုပ် ကို စစ် မူ၍ အ ဆိုး ပြု လုပ် သည် တ ကား။ တ ရား မင်း မြတ် တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား နှင့် အ မ္မုန် အ မျိုး သား တို့ ကြား တွင် ယ နေ့ စီ ရင် ဆုံး ဖြတ် တော် မူ ပါ စေ သော ဟု အ မှာ တော် ဆက် လိုက် ကြောင်း လျှောက် ထား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့ တရားစီရင် ဆုံးဖြတ်တော်မူပါစေသောဟု မှာလိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။