သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
သုတ္တံကျမ်း။ 13:21 - မြန်မာ့စံမီသမ္မာကျမ်း ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။ Common Language Bible အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ Garrad Bible အ ပြစ် သား တို့ ကို၊ ဘေး သည် အ စဉ် လိုက် တတ်၏။ ဖြောင့် မတ် သော သူ တို့ မူ ကား၊ ကောင်း ကျိုး ခံ စား ရ ကြ လိမ့် မည်။ Judson Bible အပြစ်ရှိသောသူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ |
သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည် မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။ ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍ နှိမ်နင်းဖျက်ဆီးပါစေသော။
ဆိုးယုတ်သောသူတို့သည် များစွာသောဒုက္ခဝေဒနာကိုခံစားကြရ၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား မေတ္တာကရုဏာတော်ဖြင့် ဝိုင်းရံထားခြင်းကိုခံရ၏။
ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။
ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူပင် အကျိုးအပြစ်ကိုခံစားရသည်ဆိုလျှင် ဆိုးယုတ်သောသူနှင့် အပြစ်ပြုသောသူမူကား အဘယ်ဆိုဖွယ်ရှိသနည်း။
နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည် မိမိအပေါ်မိမိ ပျက်စီးခြင်းကိုသက်ရောက်စေလိမ့်မည်။ ပညတ်တော်ကိုရိုသေသောသူမူကား ဆုလာဘ်ကိုရရှိလိမ့်မည်။
တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။
အကြောင်းမူကား ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲကျသော်လည်း ပြန်ထလိမ့်မည်။ ဆိုးယုတ်သောသူတို့မူကား ဘေးအန္တရာယ်ကြောင့် ကျရှုံးရလိမ့်မည်။
ထို့ကြောင့် ဘေးအန္တရာယ်သည် သင့်အပေါ်သက်ရောက်မည်။ ထိုဘေးအန္တရာယ်ကို ကာကွယ်ပေးမည့်ဂါထာကို သင်သိမည်မဟုတ်။ ဘေးဒုက္ခသည် သင့်အပေါ်ကျရောက်မည်။ သင်တားဆီးနိုင်မည်မဟုတ်။ သင်မသိလိုက်မီမှာပင် ဖျက်ဆီးခြင်းဘေးသည် သင့်အပေါ် ရုတ်တရက်သက်ရောက်မည်။
ထိုသို့မပြုလျှင် သင်တို့သည် ထာဝရဘုရားကိုပြစ်မှားပြီဖြစ်၍ သင်တို့အပြစ်အတွက် သင်တို့ ခံရမည်ဟု သိမှတ်ကြလော့။
ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။