ကိုယ်တော်အား မည်သို့ပြန်လျှောက်ရမည်ကို အကျွန်ုပ်တို့အား သင်ပြပါ။ အကျွန်ုပ်တို့မှာ အသိမှောင်မိုက်သောကြောင့် အစီအစဉ်တကျမတင်ပြတတ်ပါ။
ရောမ 8:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။ Common Language Bible ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။- Garrad Bible ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊ Judson Bible ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားနည်းသောအရာ၌ ကူညီမစတော်မူ၏။ ဥပမာ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်ဆုကို တောင်းစေလိုသည်ကို ကျွန်ုပ်တို့မသိ။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ဖော်ပြ၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသောစကားတို့ဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးတော်မူ၏။ |
ကိုယ်တော်အား မည်သို့ပြန်လျှောက်ရမည်ကို အကျွန်ုပ်တို့အား သင်ပြပါ။ အကျွန်ုပ်တို့မှာ အသိမှောင်မိုက်သောကြောင့် အစီအစဉ်တကျမတင်ပြတတ်ပါ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
ဤသည်ကား အချုပ်အနှောင်ခံရသောသူတို့၏ ညည်းတွားသံကို နားထောင်ရန်နှင့် သေဘေးရင်ဆိုင်နေရသောသူတို့ကို လွတ်ငြိမ်းခွင့်ပေးရန်အတွက် ဖြစ်ပြီး
အကျွန်ုပ်၏ညည်းတွားခြင်းအသံကြောင့် အကျွန်ုပ်သည် အရိုးပေါ်အရေတင်ဖြစ်နေပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည်လည်း အလွန်ထိတ်လန့်နေပါ၏။ အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။
ထာဝရဘုရားသည် ငါ၏အသနားခံချက်ကို ကြားတော်မူပြီ။ ထာဝရဘုရားသည် ငါ၏ဆုတောင်းချက်ကို လက်ခံတော်မူ၏။
အကျွန်ုပ်သည် ဟစ်ခေါ်ရ၍ ပင်ပန်းပါပြီ။ အကျွန်ုပ်၏အာခေါင်သည် ခြောက်ပါပြီ။ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ဘုရားသခင်ကိုမျှော်ကြည့်ရ၍ အားအင်ကုန်ခန်းပါပြီ။
အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။
သို့သော် ယေရှုက“သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
ငါသည်လည်း ခမည်းတော်ကိုတောင်းလျှောက်သဖြင့် ခမည်းတော်သည် အခြားသောကူညီမစသူတစ်ပါးကို သင်တို့နှင့်အတူ ကာလအစဉ်အဆက်ရှိစေရန် သင်တို့အားပေးတော်မူမည်။
သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
ငါတို့သည် ကောင်းကင်မှ ငါတို့၏စံအိမ်ကိုလွှမ်းခြုံရရန် တောင့်တ၍ ဤတဲတွင်ညည်းတွားကြ၏။
အကြောင်းမူကား ငါတို့သည် ဤယာယီတဲတွင်ရှိနေစဉ် လေးလံသောဝန်ကိုထမ်း၍ ညည်းတွားကြ၏။ ထိုသို့ညည်းတွားကြခြင်းမှာ ထိုတဲကိုချွတ်ပယ်လို၍မဟုတ်ဘဲ ၎င်းအပေါ်၌လွှမ်းခြုံလို၍သာဖြစ်ပြီး ထိုသို့အားဖြင့် သေတတ်သောအရာသည် အသက်ရှင်ခြင်းထဲတွင် နစ်မြုပ်စေခြင်းခံရရန်ဖြစ်၏။
ထိုသို့ သင်တို့သည် သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် “အဗ္ဗ၊ အဖ”ဟု ခေါ်တတ်သော မိမိသားတော်၏ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၏။
ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
သူကိုယ်တိုင်လည်း အားနည်းခြင်းများရှိသည်ဖြစ်၍ အသိတရားကင်းမဲ့လျက် လမ်းလွဲသောသူတို့ကို စာနာထောက်ထားနိုင်၏။
တောင်းလျှောက်သော်လည်း မရကြသည်မှာ သင်တို့၏ကာမဂုဏ်ခံစားမှုအတွက်သုံးစွဲရန် လွဲမှားစွာ တောင်းလျှောက်ကြသောကြောင့်ဖြစ်၏။