ရုသ 4:4 - မြန်မာ့စံမီသမ္မာကျမ်း
သင့်ကို ပြောပြသင့်သည်ထင်ပါ၏။ ယခု ဤနေရာတွင်ထိုင်နေသောသူတို့နှင့် မြို့သားသက်ကြီးဝါကြီးတို့ရှေ့တွင် ဝယ်ပါ။ သင်ရွေးနုတ်လိုလျှင် ရွေးနုတ်ပါ။ မရွေးနုတ်လိုလျှင် အကျွန်ုပ်ကိုပြောပါ။ သင်နှင့် ကျွန်ုပ်မှလွဲ၍ ရွေးနုတ်ပိုင်သူမရှိ။ သင်အလျင် ရွေးနုတ်ပိုင်ခွင့်ရှိသည်။ သင်မရွေးနုတ်လျှင် ကျွန်ုပ်ရွေးနုတ်မည်”ဟု ဆိုလျှင် ထိုသူက “ကျွန်ုပ်ရွေးနုတ်ပါမည်”ဟု ဆို၏။
အခန်းကိုကြည့်ပါ။
ဤအကြောင်းကိုသင်သိသင့်သည်ဟု ငါထင် မြင်ပါ၏။ အကယ်၍သင်ဝယ်လိုပါကယခု ထိုင်လျက်နေသည့်လူကြီးများ၏ရှေ့မှောက် တွင်ဝယ်ယူပါလော့။ သို့ရာတွင်မဝယ်လိုလျှင် မူကား မဝယ်လိုကြောင်းပြောပါလော့။ သင် မဝယ်မှငါဝယ်ယူနိုင်ခွင့်ရှိပါသည်'' ဟု ဆို၏။ ထိုသူကလည်း``ငါဝယ်ယူပါမည်'' ဟု ပြန်ပြော၏။
အခန်းကိုကြည့်ပါ။
ဤ တွင် ထိုင် နေ ကြ သော ငါ့ အ မျိုး လူ ကြီး တို့ ရှေ့၊ ဝယ် ပါ ဟူ၍ ဆို လို ရင်း ရှိ သည့် အ တိုင်း သင် ရွေး လို မူ ရွေး ပါ လော့။ မ ရွေး လို မူ ကြား ပြော ပါ။ သင် မှ တစ် ပါး ရွေး ပိုင် သူ မ ရှိ၊ သင့် နောက် ငါ သည် ရွေး ပိုင် သူ ဖြစ် ပါ ဟု ဆို လျှင် ရွေး ပါ မည် ဟု ပြန် ဆို ရာ၊
အခန်းကိုကြည့်ပါ။
သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူများရှေ့မှာ ဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင်ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ်အားကြားပြောပါတော့။ သင်မှတစ်ပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟု ဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
အခန်းကိုကြည့်ပါ။