Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရု​သ 3:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​သည် ရွေးနုတ်​ခွင့်​ရှိ​သူ မှန်​သော်လည်း ငါ့​ထက် ပို၍​ရွေးနုတ်​ခွင့်​ရှိ​သူ​တစ်ဦး ရှိ​သေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ သည် ရွေး ပိုင် သူ မှန် ငြား သော် လည်း ငါ့ ထက် သာ၍ ရင်း သော ရွေး ပိုင် သူ တစ် ဦး ရှိ သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 3:12
7 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သမျှ​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။ ဤသည်ကား ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​၏​အချုပ်​ဖြစ်​၏။


ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။


ထိုအခါ နောမိ​က သူ့​ချွေးမ​အား “​အသက်ရှင်​သော​သူ​၊ သေ​သော​သူ​တို့​ကို မေတ္တာကရုဏာ​အစဉ်​ထား​တော်မူ​သော ထာဝရဘုရား​သည် သူ့​ကို ကောင်းချီးပေး​ပါစေသော​။ သူ​သည် ငါ​တို့​နှင့် ဆွေးမျိုးနီးစပ်​သူ​၊ ငါ​တို့​ကို ရွေးနုတ်​ခွင့်​ရှိ​သူ ဖြစ်​၏​”​ဟု ဆို​၏​။


ယခုမှာ ငါ့​သမီး​၊ ဘာမျှ​မ​စိုးရိမ်​နှင့်​။ သင်​တောင်း​သမျှ​ကို ငါ​ပြု​ပေး​မည်​။ သင်​သည် အကျင့်သီလ​နှင့်​ပြည့်စုံ​သော​အမျိုးသမီး​ဖြစ်ကြောင်း​ကို ဤ​တစ်မြို့လုံး​ရှိ​ငါ​တို့​လူမျိုး​တို့ သိ​ကြ​၏​။


ဤ​ည​တွင် အိပ်​ဦး​လော့​။ နံနက်​ရောက်​မှ ထို​သူ​သည် သင့်​ကို ရွေးနုတ်​မည်​ဆိုလျှင် ရွေးနုတ်​ပါစေ​။ ကောင်း​ပါ​၏​။ အကယ်၍ သူ​မ​ရွေးနုတ်​လျှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို ငါ​ရွေးနုတ်​မည်​။ ယခုမူ နံနက်​တိုင်အောင် အိပ်​ဦး​လော့​”​ဟု ဆို​၏​။


ဗောဇ​သည် မြို့​တံခါးဝ​သို့​သွား​၍​ထိုင်​နေ​စဉ် သူ​ပြော​ခဲ့​ဖူး​သည့် ရွေးနုတ်​ခွင့်​ရှိ​သူ ဖြတ်လာ​သည်​ကို​မြင်​၏​။ ထိုအခါ ဗောဇ​က​“​မိတ်ဆွေ​၊ လာ​ထိုင်​ပါ​ဦး​”​ဟု ဖိတ်ခေါ်​သဖြင့် ထို​သူ​လည်း လာ​ထိုင်​လေ​၏​။


သင့်​ကို ပြောပြ​သင့်​သည်​ထင်​ပါ​၏​။ ယခု ဤ​နေရာ​တွင်​ထိုင်​နေ​သော​သူ​တို့​နှင့် မြို့သား​သက်ကြီးဝါကြီး​တို့​ရှေ့​တွင် ဝယ်​ပါ​။ သင်​ရွေးနုတ်​လို​လျှင် ရွေးနုတ်​ပါ​။ မ​ရွေးနုတ်​လို​လျှင် အကျွန်ုပ်​ကို​ပြော​ပါ​။ သင်​နှင့် ကျွန်ုပ်​မှလွဲ၍ ရွေးနုတ်ပိုင်​သူ​မ​ရှိ​။ သင်​အလျင် ရွေးနုတ်ပိုင်ခွင့်​ရှိ​သည်​။ သင်​မ​ရွေးနုတ်​လျှင် ကျွန်ုပ်​ရွေးနုတ်​မည်​”​ဟု ဆို​လျှင် ထို​သူ​က “​ကျွန်ုပ်​ရွေးနုတ်​ပါ​မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ