Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 32:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​က အကျွန်ုပ်​အား အသိသက်သေ​ခေါ်​၍ ထို​လယ်​ကို ငွေ​ပေး​ဝယ်ယူ​လော့​ဟု မိန့်ဆို​သော်လည်း ဤ​မြို့​သည် ခါလဒဲ​တပ်​၏​လက်​သို့​ရောက်သွား​ပါ​ပြီ​တကား’​ဟူ၍ လျှောက်ဆို​သည်”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သို့​ရာ​တွင် အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဤ​မြို့​ကို​ဗာ​ဗု​လုန်​ပြည်​သား​တို့​သိမ်း​ပိုက် အံ့​ဆဲ​ဆဲ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​အား​အ​သိ​သက်​သေ​များ​ရှေ့​တွင် လယ်​မြေ​ကို​ဝယ်​ယူ​ရန်​အ​မိန့်​ပေး​တော် မူ​ပါ​သည်​တ​ကား'' ဟု​လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ မြို့ ရောက် လျက် ပင်၊ ကိုယ် တော် က၊ ထို မြေ ကွက် ကို တန် ဖိုး နှင့် ဝယ် ၍၊ သက် သေ တို့ ကို ခေါ် လော့ ဟု မိန့် တော် မူ ပါ ပြီ။ အို အ ရှင် ထာ ဝ ရ ဘု ရား ဟူ သော တောင်း လျှောက် ချက် ကို ပြန် ကြား ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​မြို့​တော်​သည် ခါ​လ​ဒဲ​လူ​တို့​လက်​သို့​ရောက်​သော်​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​လယ်​ကို ငွေ​နှင့်​ဝယ်၍၊ သက်​သေ​တို့​ကို ခေါ်​ထား​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 32:25
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​လမ်း​သည် ပင်လယ်​ကို​ဖြတ်ကျော်​၍ ကိုယ်တော်​၏​လမ်းခရီး​သည် ကျယ်ဝန်း​သော​ရေပြင်​ကို ဖြတ်ကျော်​ပါ​၏​။ သို့သော် ကိုယ်တော်​၏​ခြေရာ​တော်​တို့​ကို မ​သိ​မ​မြင်​ရ​ပါ​။


မိုးတိမ်​နှင့်​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​၏​။ ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​၏​။


သူ​တို့​နှင့် သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​တွင် သူ​တို့​တစ်ယောက်​မျှ​မ​ကြွင်းကျန်​တော့​သည့်​တိုင်အောင် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကို သူ​တို့​ထံ စေလွှတ်​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


အကြောင်းမူကား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က နောင်တွင် ဤ​ပြည်​၌ အိမ်​များ​၊ လယ်ယာ​များ​၊ စပျစ်ခြံ​များ​ကို ဝယ်​ကြ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ငါ​ပြော​၏​။


ကြည့်ရှု​တော်မူ​ပါ​။ မြို့​ကို​သိမ်းယူ​ရန် မြေကတုတ်​ကို တည်ဆောက်​ကြ​ပြီ​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် တိုက်ခိုက်​လာ​သော​ခါလဒဲ​တပ်​၏​လက်​သို့ ရောက်​ရ​လိမ့်မည်​။ ကြည့်ရှု​တော်မူ​ပါ​။ မိန့်​တော်မူ​သည့်​အတိုင်း ဖြစ်လာ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​ပါ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍


လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ ဆိတ်ညံ​သော​ပြည်​၊ ခါလဒဲ​တပ်​၏​လက်​သို့ ရောက်သွား​သော​ပြည်​ဖြစ်​၏​ဟု သင်​တို့​ပြော​သော ထို​ပြည်​မှ​လယ်​ကို ဝယ်ယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ငါ့​ဘထွေး​၏​သား ဟာနမေလ​သည် ငါ​ရှိ​ရာ​ထောင်ဝင်း​သို့​လာ​၍ ငါ့​အား ‘သင်​သည် ပိုင်ဆိုင်ခွင့်​၊ ရွေးနုတ်ပိုင်ခွင့်​ရှိ​သူ​ဖြစ်​၍ ဗင်္ယာမိန်​ပြည်​၊ အာနသုတ်​မြို့​ရှိ ကျွန်ုပ်​၏​လယ်​ကို ဝယ်ယူ​ပါ​လော့​။ သင့်​အတွက် ဝယ်ယူ​ပါ​လော့’​ဟု ဆို​၏​။ ထိုအခါ ဤ​စကား​သည် ထာဝရဘုရား​၏​စကား​တော်​ဖြစ်ကြောင်း​ကို ငါ​သိ​၏​။


ထို့ကြောင့် ထာဝရဘုရား​က ‘သင်​တို့​သည် ကိုယ့်​ညီအစ်ကိုချင်း​၊ ကိုယ့်​အိမ်နီးချင်း​အတွက် လွတ်မြောက်​ခွင့်​ကြေညာ​ရာ​၌ ငါ့​စကား​ကို နား​မ​ထောင်​ကြ’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သင်​တို့​အတွက် လွတ်မြောက်​ခွင့်​ကို ငါ​ကြေညာ​မည်​။ မြေကြီး​ပေါ်ရှိ တိုင်းနိုင်ငံ​အားလုံး​က သင်​တို့​ကို ကြောက်လန့်စရာ​အဖြစ် မြင်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ယေရှု​က​လည်း“သင်​သည် ငါ​ပြု​နေ​သော​အရာ​ကို ယခု​နား​မ​လည်​သော်လည်း နောင်​အခါ​သဘောပေါက်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ