အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 4:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဇိအုန်​တောင်​ရှိ​ရာ​ဘက်​သို့ အချက်ပြအလံ​ကို လွှင့်ပြ​လော့​။ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ ရပ်​မ​နေ​ကြ​နှင့်​။ အကြောင်းမူကား ငါ​သည် ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​ကို မြောက်အရပ်​မှ ရောက်လာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဇိ​အုန်​မြို့​ရှိ​ရာ​သို့​ရှေ့​ရှု​ကြ​လော့။ ဘေး​မဲ့​လုံ​ခြုံ ရာ​သို့ ပြေး​ကြ​လော့။ ဆုတ်​ဆိုင်း​၍​မ​နေ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​စွာ​သော​ပျက်​စီး မှု ဘေး​အန္တ​ရာယ်​ဆိုး​ကို မြောက်​အ​ရပ်​မှ​ဆောင်​ယူ​လာ​တော်​မူ​လိမ့် မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဇိ အုန် မြို့ ဘက် သို့ အ လံ မြှောက် ပြ လျက်၊ မ ဆိုင်း မ လင့် ဘေး လွတ် ရာ ရှာ ကြ လော့။ ငါ သည် မြောက် ပိုင်း မှ ပယ် ရှား ဖျက် ဆီး ရာ ဘေး ဆိုး ကို သင့် ရောက် စေ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဇိ​အုန်​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ​လော့။ လွတ်​အောင်​ပြေး​ကြ​လော့။ ရပ်၍ မ​နေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း ဘေး​ဥ​ပဒ်​ကို မြောက်​မျက်​နှာ​မှ ငါ​သည်​ဆောင်​ခဲ့​မည်။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 4:6
19 ပူးပေါင်းရင်းမြစ်များ  

ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။


သတင်း​တစ်​ခု​ရောက်လာ​၏​။ ကြည့်ရှု​လော့​။ တုန်ဟည်းသံ​ကြီး​သည် မြောက်​အရပ်​မှ​လာ​၍ ယုဒ​မြို့ရွာ​များ​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​မည်​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ခံရ​မည့် ဘေးအန္တရာယ်​ကို ပြင်ဆင်​နေ​ပြီ​။ သင်​တို့​ကို​ဆန့်ကျင်​မည့်​အကြံအစည်​ကို ကြံစည်​နေ​ပြီ​။ မကောင်း​သော​လမ်း​မှ အသီးသီး​ပြန်လာ​ကြ​။ သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ပြုပြင်​ကြ”​ဟူ၍ မိန့်​တော်မူ​ကြောင်း ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​အား ယခု ဆင့်ဆို​လော့​။


တစ်ဖန် ထာဝရဘုရား​က ‘ကပ်ရောဂါ​ဘေး​၊ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​မှ အသက်ရှင်​ကျန်ရစ်​သော ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​များ​၊ မြို့သူမြို့သား​များ​ကို သူ​တို့​အသက်​ကို​ရန်ရှာ​သော​၊ သူ​တို့​၏​ရန်သူ​ဖြစ်​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​လက်​ထဲသို့ ငါ​အပ်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ ဓား​ဖြင့် ကွပ်မျက်​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု လျှောက်ဆို​ရ​မည်​။


လက်နက်​ကိုယ်စီ​ပါ​သော အဖျက်သမား​များ​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ သူ​တို့​သည် သင်​တို့​၏​အကောင်းဆုံး​သစ်ကတိုးပင်​များ​ကို ခုတ်လှဲ​၍ မီး​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်​။


ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


အချက်ပြအလံ​ကို မည်သည့်​အချိန်​အထိ ငါ​မြင်​နေ​ရ​မည်နည်း​။ တံပိုးမှုတ်သံ​ကို မည်သည့်​အချိန်​အထိ ငါ​ကြား​နေ​ရ​မည်နည်း​။


ထာဝရဘုရား​က “ ‘ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ​။ ဗေလ​ဘုရား အရှက်ကွဲ​လေ​ပြီ​။ မေရောဒပ်​ဘုရား ကြောက်လန့်​လေ​ပြီ​။ ဘေဘီလုံ​ရုပ်တု​တို့ အရှက်ကွဲ​လေ​ပြီ​။ ဆင်းတု​တို့ ကြောက်လန့်​လေ​ပြီ​’​ဟု ကြွေးကြော်​ကြေညာ​လော့​။ အချက်ပြအလံ​ကို လွှင့်ထူ​ပြီး မကွယ်မဝှက်​ဘဲ လူမျိုးတကာ​တို့​အား ပြောကြား​ကြ​လော့​။


ထို​ပြည်​၌ စစ်တိုက်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ အကြီးအကျယ်​ပျက်စီး​ပါ​ပြီ​တကား​။


ဘေဘီလုံ​မြို့ရိုး​ကို​ဖြိုဖျက်​ရန် အချက်ပြအလံ​ကို လွှင့်ထူ​ကြ​။ အစောင့်​များ​ကို ကြပ်ကြပ်ချ​ထား​ကြ​။ ကင်းစောင့်​တို့​ကို​နေရာချ​ထား​ကြ​။ ကင်းပုန်း​များ​ကို ပြင်ဆင်​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် ဘေဘီလုံ​မြို့သား​များ​နှင့်​ပတ်သက်၍ မိန့်ဆို​ထားခဲ့​သည့်​အတိုင်း ကြံစည်​တော်မူ​မည်​၊ ပြု​တော်မူ​မည်​။


ထို​ပြည်​၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ လူမျိုးတကာ​တို့​ကို တံပိုးမှုတ်သံ​ပေး​ကြ​။ ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ အာရရတ်​၊ မိန္နိ​နှင့် အာရှကေနတ် စသော တိုင်းနိုင်ငံ​တို့​ကို ဆင့်ခေါ်​ကြ​။ စစ်ဦးစီး​ကို​ခန့်ထား​ကြ​။ မြင်း​တို့​ကို ကျိုင်းကောင်​အုပ်​ကဲ့သို့ ချီတက်​စေ​ကြ​။


ဘေဘီလုံ​မြို့​မှ အော်ဟစ်သံ​ပါတကား​။ ခါလဒဲ​ပြည်​မှ ကြီးမား​သော​ပျက်စီး​ခြင်း​ပါတကား​။


အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။


ထာဝရဘုရား​က “​မြောက်​အရပ်​မှ လူမျိုး​တစ်​မျိုး​ရောက်လာ​မည်​။ မြေကြီး​စွန်း​မှ လူမျိုး​ကြီး​တစ်​မျိုး ထကြွ​မည်​။


ထို့နောက် “​ဤ​မြို့​ကို​ဒဏ်ခတ်​မည့်​သူ​တို့​၊ ဖျက်ဆီး​ခြင်း​လက်နက် ကိုယ်စီ​ကိုင်ဆောင်​၍ လာ​ကြ​လော့​”​ဟု ကျယ်လောင်​စွာ ဟစ်ခေါ်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။


ကြည့်ရှု​လော့​။ လူ​ခြောက်​ယောက်​သည် လူသတ်​လက်နက်​အသီးသီး​ကိုင်ဆောင်​လျက် မြောက်ဘက်​မျက်နှာမူ​ထား​သော အထက်​တံခါး​လမ်း​မှ ဝင်လာ​၍ ကြေးနီ​ယဇ်ပလ္လင်​ဘေး​တွင် ရပ်​နေ​ကြ​၏​။ သူ​တို့​အလယ်​တွင် ပိတ်ချောထည်​ကို​ဝတ်​လျက် ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​တစ်​ယောက် ရပ်​နေ​၏​။


ထို​နေ့ရက်​၌ ငါး​တံခါးဝ​မှ ငိုကြွေး​သံ​၊ မြို့​၏​နေရာသစ်​မှ မြည်တမ်းသံ​၊ တောင်ကုန်း​များ​ပေါ်မှ​ကျယ်လောင်​သော အက်ကွဲသံ​တို့​ကို ကြား​ရ​လိမ့်မည်​။


မြင်း​နက်​များ​က​သော​စစ်ရထား​သည် မြောက်​ပြည်​သို့ ထွက်သွား​၍ မြင်း​ဖြူ​များ​က​သော​စစ်ရထား​သည် သူ​တို့​နောက်​သို့ လိုက်​၏​။ အစက်အပြောက်​ပါ​သော​မြင်း​များ​က​သော​စစ်ရထား​သည် တောင်​ပြည်​သို့ ထွက်သွား​လေ​၏”​ဟု ဆို​၏​။