ယေရမိ 6:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထာဝရဘုရားက “မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာမည်။ မြေကြီးစွန်းမှ လူမျိုးကြီးတစ်မျိုး ထကြွမည်။ အခန်းကိုကြည့်ပါ။Common Language Bible22 ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible22 တန် ခိုး ကြီး သော လူ မျိုး သည်၊ နှိုး ဆော် တော် မူ ခြင်း ခံ လျက်၊ မြောက် ပြည် မြေ စွန်း မှ ချီ လာ ၍၊ အခန်းကိုကြည့်ပါ။Judson Bible22 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာသောလူမျိုးကို မြေကြီးစွန်းမှ ငါနှိုးဆော်မည်။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သို့သော် သင်တို့သည် ငါ့ထံပြန်လာ၍ ငါ့ပညတ်တို့ကို လိုက်နာစောင့်ထိန်းမည်ဆိုလျှင် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရသော်လည်း ထိုအရပ်မှပြန်လည်စုစည်း၍ ငါ့နာမတည်စေရန် ငါရွေးချယ်ထားသောအရပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်’ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်ကို သတိရတော်မူပါ။