“ဤအရပ်မှထွက်၍ အရှေ့ဘက်သို့ သွားလော့။ ဂျော်ဒန်မြစ်အရှေ့ဘက် ခေရိတ်ချောင်းနားတွင် ပုန်းရှောင်၍
ယေရမိ 36:26 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။ Common Language Bible ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။ Garrad Bible ပ ရော ဖက် ယေ ရ မိ နှင့် ကျမ်း ရေး သူ ဗာ ရုတ် တို့ ကို ဖမ်း ဆီး ရန်၊ မင်း သား ယေ ရ မေ လ၊ အာ ဇ ရေ လ သား စ ရာ ယ၊ အာ ဗ ဒေ လ သား ရှေ လ မိ တို့ အား၊ ဘု ရင် မင်း အ မိန့် ထုတ် သော် လည်း ထာ ဝ ရ ဘု ရား ဝှက် ထား တော် မူ သ တည်း။ Judson Bible တစ်ဖန် ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက်ယေရမိကို ဖမ်းဆီးစေခြင်းငှာ၊ သားတော် ယေရမေလ၊ အာဇရေလသား စရာယ၊ အာဗဒေလသား ရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။ |
“ဤအရပ်မှထွက်၍ အရှေ့ဘက်သို့ သွားလော့။ ဂျော်ဒန်မြစ်အရှေ့ဘက် ခေရိတ်ချောင်းနားတွင် ပုန်းရှောင်၍
“ထလော့။ ဆီဒုန်ပြည်၊ ဇရတ္တမြို့သို့သွားပြီး ထိုမြို့တွင်နေလော့။ ကြည့်ရှုလော့။ ထိုမြို့တွင် သင့်ကိုကျွေးမွေးရန် မုဆိုးမကို ငါမှာထားပြီ”ဟု မိန့်ဆို၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ အစ္စရေးဘုရင်က “မိက္ခာယကို ခေါ်သွားပြီး သူ့ကိုမြို့အုပ်အာမုန်နှင့် ဘုရင့်သားတော်ယောရှထံ အပ်လော့။
သို့သော် အာခဇိမင်းကြီး၏နှမဖြစ်သူ ယောရံမင်းကြီး၏သမီးတော်ယောရှေဘက အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ဝှက်ထားသဖြင့် အာသလိရန်မှကင်း၍ အသတ်မခံရတော့ပေ။
‘ငါ ဘေးကင်းစွာ ပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချ၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟု ရှင်ဘုရင်အမိန့်ပေးသည့်အကြောင်းပြောလော့”ဟု မိန့်ဆို၏။
“ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်၏ ကွယ်ကာရာအရပ်ဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးရန်မှကာကွယ်လျက် ကယ်တင်ခြင်းသီချင်းများဖြင့် အကျွန်ုပ်ကိုဝိုင်းရံထားတော်မူ၏။(စေလာ)
အို ဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်ကိုသနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုခိုလှုံပါ၏။ ပျက်စီးခြင်းဘေးများကျော်လွန်သွားသည်အထိ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ခိုလှုံပါမည်။
ဆိုးညစ်သောအမှုကိုပြုသောသူတို့၏ လျှို့ဝှက်ကြံစည်မှုမှလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူတို့၏စုဝေးရာမှလည်းကောင်း အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
ငါ့လူမျိုးတော်တို့၊ သွားလော့။ သင့်အခန်းထဲသို့ဝင်၍ တံခါးကို ပိတ်ထားလော့။ အမျက်တော်ပြေသည့်တိုင်အောင် ခေတ္တခဏပုန်းနေလော့။
သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူ ငါရှိမည်ဖြစ်၍ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။
အကြီးအကဲတို့က ဗာရုတ်အား “သင်နှင့်ယေရမိ သွား၍ပုန်းရှောင်နေလော့။ သင်တို့ရှိသည့်နေရာကို မည်သူမျှမသိစေနှင့်”ဟု ဆိုကြ၏။
ထို့နောက် ယေရမိက ဗာရုတ်အား “ငါအချုပ်ခံနေရသဖြင့် ထာဝရဘုရား၏အိမ်တော်သို့ မသွားနိုင်။
ထို့ကြောင့် သူတို့သည် ယေရမိကိုခေါ်သွား၍ ထောင်ဝင်းအတွင်းရှိ ဘုရင့်သားတော်မာလခိယ၏ရေတွင်းထဲသို့ ကြိုးဖြင့်လျှောချကြ၏။ ရေတွင်းထဲတွင် ရေမရှိ၊ ရွှံ့သာရှိသဖြင့် ယေရမိသည် ရွှံ့ထဲနစ်လေ၏။
ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့မူကား ကိုယ်တော်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုရှိရာအရပ်ကိုသိလျှင် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။
လူထုပရိသတ်သည် ယေရှုနှင့်ပတ်သက်၍ ထိုသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲတို့ကြားလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် အစောင့်တပ်သားများကိုစေလွှတ်ကြ၏။
ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။
ထိုအခါ ပေတရုသည် သတိပြန်ဝင်လာ၍ “သခင်ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်ပြီး ဟေရုဒ်မင်း၏လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့မျှော်မှန်းထားသောအရာအားလုံးမှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူသည်ကို ယခု ငါအမှန်သိပြီ”ဟု ဆို၏။