၃ ရာ 19:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသရေလပြည်သူတို့မူကားကိုယ်တော်နှင့် ပြုထားသည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ကိုယ်တော်၏ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်းသာလျှင်မသေဘဲ ကျန်ရှိသော အကျွန်ုပ်၏အသက်အန္တရာယ်ကိုရှာကြံနေ ကြပါ၏'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ဧ လိ ယ က၊ အ ကျွန်ုပ် သည် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင့် အ တွက် အ လွန် မ ရှု စိတ် ပါ ပြီ။ အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး သား တို့ သည် ပ ဋိ ညာဉ် တ ရား တော် ကို စွန့် ပယ်၍ ပူ ဇော် ရာ ပ လ္လင် တော် များ ကို ဖြို ဖျက် လျက် ပ ရော ဖက် တော် များ ကို ဓား ဖြင့် ကွပ် မျက် ကြ ပါ ပြီ။ တစ် ယောက် တည်း ကျန် သော အ ကျွန်ုပ် အ သက် အန္တ ရာယ် ကို ပင် ရှာ ကြံ ကြ ပါ သည် ဟု လျှောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible14 ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက်များကို ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှာ ရှာကြပါသည်ဟု လျှောက်လေသော်၊ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။