အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မြည်​တမ်း​စ​ကား 2:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တဲ​တော်​ကို ပြောင်တလင်းခါ​နေ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပြီ​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို ဖျက်ဆီး​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​အား ပွဲတော်​နေ့​၊ ဥပုသ်နေ့​ကို မေ့​စေ​တော်မူ​ပြီ​။ အမျက်​ပြင်းစွာ​ဖြင့် ရှင်ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​ကို ပစ်ပယ်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား သည်၊ စံ ရာ တော် ကို ယာ ကဲ့ သို့ လက် လွှတ် ခြင်း၊ တွေ့ ဆုံ ရာ တော် ကို ဖျက် ဆီး ခြင်း ပြု လျက်၊ ဇိ အုန် မြို့၌ ပြု မြဲ ပွဲ နေ့၊ ဥ ပုသ် နေ့ များ ကို၊ သ တိ လစ် စေ သည့် ပြင်၊ အ မျက် ဒေါ သ အ လျောက်၊ ဘု ရင် မင်း နှင့် ပ ရော ဟိတ် တို့ ကို၊ မ ထီ လေး စား ပြု တော် မူ လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ဝင်း​တော်​ကို တောင်​ယာ​ခြံ​ကဲ့​သို့ အ​မှတ်​ပြု၍ ချိုး​ဖျက်​တော်​မူ​ပြီ။ မိ​မိ​ပွဲ​သ​ဘင်​တော်​ကို ဖျက်​ဆီး​တော်​မူ​ပြီ။ ဇိ​အုန်​မြို့၌​ခံ​သော ဓ​မ္မ​ပွဲ​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား မေ့​စေ​တော်​မူ​ပြီ။ အ​မျက်​တော်​အ​ရှိန်​ပြင်း၍ ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို မ​ရှု​မ​မှတ်​ပြု​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။



မြည်​တမ်း​စ​ကား 2:6
25 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​ကို မီးရှို့​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​တည်ရာအရပ်​ကို မြေ​သို့​ကျ​သည့်​တိုင်အောင် ရှုတ်ချ​ကြ​ပါ​၏​။


ကိုယ်တော်​၏​တဲ​တော်​သည် ဆလင်​မြို့​၌​ရှိ​၍ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဇိအုန်​၌​ရှိ​၏​။


ကိုယ်တော်​သည် အဘယ်ကြောင့် ၎င်း​၏​ခြံစည်းရိုး​တို့​ကို​ဖြိုဖျက်​တော်မူ​သနည်း​။ ယခုမှာမူ လမ်း​၌​ဖြတ်သွား​သော​သူ​အားလုံး​သည် ၎င်း​၏​အသီး​ကို​ဆွတ်ခူး​ကြ​ပါ​၏​။


ကိုယ်တော်​သည် သူ​၏​တံတိုင်း​ရှိသမျှ​တို့​ကို​ဖြိုဖျက်​၍ သူ​၏​ခံတပ်​များ​ကို ဖျက်ဆီး​တော်မူ​ပြီ​။


အချည်းနှီး​သော​ပူဇော်သက္ကာ​ကို နောက်တစ်ဖန်​မ​ယူဆောင်​လာ​ကြ​နှင့်​။ နံ့သာပေါင်း​သည် ငါ့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ လဆန်းနေ့​၊ ဥပုသ်နေ့​၊ ဓမ္မစည်းဝေးပွဲ​နေ့​စသည့် ဒုစရိုက်​နှင့်​ရောပြွမ်း​နေ​သည့်​စည်းဝေး​ခြင်း​နေ့​မျိုး​ကို ငါ​သည်း​မ​ခံ​နိုင်​တော့​ချေ​။


ဇိအုန်​သမီး​သည် စပျစ်ခြံ​ထဲက တဲ​ကဲ့သို့​၊ သခွားခင်း​ထဲက ယာတဲ​ကဲ့သို့​၊ ရန်သူဝိုင်း​ထား​သော​မြို့​ကဲ့သို့ ကျန်ရစ်​ခဲ့​လေ​၏​။


ထို့ကြောင့် သန့်ရှင်းရာဌာန​၏​အကြီးအကဲ​တို့​ကို ငါ​ရှုတ်ချ​မည်​။ ယာကုပ်​အမျိုး​ကို ကျိန်​ခြင်း​လက်​သို့​၊ အစ္စရေး​လူမျိုး​ကို ကဲ့ရဲ့စော်ကား​ခြင်း​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ယခု ငါ​၏​စပျစ်ခြံ​ကို ငါ​မည်သို့​ပြု​မည်​ကို သင်​တို့​အား ငါ​ပြော​မည်​။ ခြံစည်းရိုး​ကို ငါ​ဖယ်ရှား​သဖြင့် စပျစ်ခြံ​သည် ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ တံတိုင်း​ကို ငါ​ဖြိုဖျက်​သဖြင့် စပျစ်ခြံ​သည် နင်းချေ​ခြင်း​ခံရ​မည်​။


ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။


ကိုယ်တော်​၏​သန့်ရှင်း​သော​လူမျိုး​တော်​တို့ ခဏသာ​ပိုင်ဆိုင်​ရ​ပြီး ရန်သူ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​ကို နင်းချေ​ကြ​ပြီ​။


အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ကိုယ်တော်​ကို​ချီးမွမ်း​ရာ​အရပ်​ဖြစ်​သည့် သန့်ရှင်း​၍ ဂုဏ်ကျက်သရေ​ရှိ​သော အကျွန်ုပ်​တို့​၏​အိမ်​တော်​သည် မီးလောင်​သွား​လေ​ပြီ​။ ကျွန်ုပ်​တို့​နှစ်သက်မြတ်နိုး​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီး​သွား​လေ​ပြီ​။


သင်​တို့​သည် ဥပုသ်နေ့​၌ ဂျေရုဆလင်​မြို့​တံခါး​ကို​ဖြတ်​၍ ဝန်ထုပ်​ကို​မ​သယ်ဆောင်​ရ​။ ဥပုသ်နေ့​ကို​သန့်ရှင်း​အောင်​စောင့်ထိန်း​ရ​မည်​ဟူသော ငါ့​စကား​ကို နား​မ​ထောင်​လျှင် ငါ​သည် မြို့​တံခါး​ကို​မီး​ရှို့​၍ ဂျေရုဆလင်​မြို့​၏​ခံတပ်​များ​ကို လောင်ကျွမ်း​စေ​မည်​။ ထို​မီး​သည် ငြိမ်း​လိမ့်မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​ပြီ’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။


အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ငါ့​အမျက်​ဒေါသ​ကို​သွန်ချ​ခဲ့​သကဲ့သို့ အီဂျစ်​ပြည်​သို့ သင်​တို့​သွား​သောအခါ သင်​တို့​အပေါ်​သို့ ငါ့​အမျက်ဒေါသ​ကို သွန်ချ​မည်​။ သင်​တို့​သည် ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ ရွံရှာစရာ​၊ ကဲ့ရဲ့စရာ​ဖြစ်​မည်​။ ဤ​ပြည်​ကို သင်​တို့ ပြန်​မြင်​ရ​တော့​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​ပြီ​။


ထို့ကြောင့် ဗာရုတ်​အား ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​တည်ထောင်​ခဲ့​သော​၊ ငါ​စိုက်ပျိုး​ခဲ့​သော ဤ​ပြည်​တစ်ပြည်လုံး​ကို ငါ​ဖြိုဖျက်​မည်​၊ နုတ်ပစ်​မည်’​ဟု မိန့်​တော်မူ​၏​။


ဘေဘီလုံ​မြို့​မှ​ထွက်ပြေး​လွတ်မြောက်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လေ​ပြီ​။ သူ​တို့​သည် ငါ​တို့​ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်​ခြင်း​အကြောင်း​၊ ဗိမာန်တော်​အတွက် လက်တုံ့ပြန်​ခြင်း​အကြောင်း​ကို ဇိအုန်​မြို့​တွင် ကြွေးကြော်​ကြ​လေ​ပြီ​။


ပွဲတော်​သို့​လာ​သော​သူ​မ​ရှိ​တော့​ပြီ​ဖြစ်၍ ဇိအုန်​မြို့​လမ်း​တို့ ငိုကြွေးမြည်တမ်း​ကြ​လေ​ပြီ​။ မြို့​တံခါး​အားလုံး ဆိတ်ညံ​လေ​ပြီ​။ ယဇ်ပုရောဟိတ်​တို့​လည်း ညည်းတွား​ကြ​လေ​ပြီ​။ အပျိုကညာ​တို့​လည်း ဝမ်းနည်းကြေကွဲ​လျက် ခါးသီး​စွာ​ခံစား​နေ​ကြ​ရ​လေ​ပြီ​။


ထာဝရဘုရား​ကိုယ်တော်တိုင် သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပြီ​။ သူ​တို့​ကို မ​ကြည့်ရှု​တော့​ပေ​။ လူ​တို့​သည် ယဇ်ပုရောဟိတ်​တို့​ကို မ​ရိုသေ​ကြ​။ သက်ကြီးဝါကြီး​တို့​ကို မ​သနား​ကြ​။


ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။


မိမိ​တို့​လက်​ဖြင့် အကြီးအကဲ​တို့​ကို ချိတ်ဆွဲ​ထား​ကြ​ပါ​၏​။ သက်ကြီးဝါကြီး​တို့​ကို​လည်း မ​လေးစား​ကြ​ပါ​။


သူ​သည် ပဋိညာဉ်​ကို​ချိုးဖောက်​ခြင်း​ဖြင့် ကျိန်ဆို​ခဲ့​သည်​ကို​မထီမဲ့မြင်ပြု​လျက် တစ်ပါးသူ​ကို အကူအညီ​တောင်း​၏​။ ထိုသို့​ပြု​သောကြောင့် သူ​သည် ဘေးလွတ်​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။


“သတ်မှတ်​ထား​သော​ပွဲတော်​ကြောင့် ဝမ်းနည်း​နေ​ရ​၍ သင်​၏​ကဲ့ရဲ့​ခြင်း​ဝန်​ကို​လည်း ထမ်း​နေ​ရ​သော​သူ​တို့​ကို ငါ​စုဝေး​မည်​။


“သင်​တို့​သည် ငါ့​တရားလမ်း​ကို​မ​လိုက်​၊ မျက်နှာရ​ဖို့​သာ​သွန်သင်​တတ်​ကြ​သောကြောင့် ငါ​သည် သင်​တို့​ကို လူ​အပေါင်း​တို့​ရှေ့​တွင် မထီမဲ့မြင်ပြုစရာ​၊ ရှုတ်ချစရာ​ဖြစ်စေ​မည်​။”