“ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
မိက္ခာ 4:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူမျိုးများစွာတို့ကို စီရင်တော်မူမည်။ ရပ်ဝေးမှအားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူမည်။ သူတို့သည် မိမိတို့၏ဓားများကို ထယ်အဖြစ်၊ လှံများကို တံစဉ်အဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားနှင့် တိုက်ခိုက်ကြတော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။ Common Language Bible ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏ အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။ သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊ လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။ နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။ စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။ Garrad Bible ကိုယ် တော် သည် များ ပြား သော လူ မျိုး တို့ စပ် ကြား၌ စီ ရင်၍၊ ဝေး ကွာ သော လူ မျိုး ကြီး တို့ အ ပေါ် တွင် ဆုံး ဖြတ် တော် မူ သ ဖြင့်၊ သူ တို့ ဓား လက် နက် များ ကို ထွန် သွား၊ လှံ လက် နက် များ ကို တံ စဉ် ဖြစ် စေ ခြင်း ငှာ ထု လုပ်၍၊ တစ် မျိုး ကို တစ် မျိုး ထပ် မံ ဓား ခုတ် ခြင်း၊ Judson Bible ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာနေလျက် အားကြီးသော လူမျိုးတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။ |
“ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
တောင်များသည်ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊ တောင်ကုန်းများသည် ဖြောင့်မတ်ခြင်းကိုလည်းကောင်း လူမျိုးတော်ထံသို့ ယူဆောင်လာကြပါစေသော။
သူ၏လက်ထက်၌ ဖြောင့်မတ်သောသူသည် ကြီးပွား၍ လကွယ်ပျောက်သွားသည်အထိ ငြိမ်းချမ်းမှုအပြည့်ရှိပါစေသော။
အို ဘုရားသခင်၊ ထ၍ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူပါ။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏အမွေတော် ဖြစ်ပါ၏။
အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူ၏။ ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကိုယ်တော်ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို မိမိ၏သစ္စာတော်ဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
ထို့ကြောင့် အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ဂုဏ်ပြုချီးမွမ်းလိမ့်မည်။ ကြမ်းကြုတ်သောလူမျိုးတို့နေသောမြို့သည် ကိုယ်တော်ကိုကြောက်ရွံ့လိမ့်မည်။
ငါ၏ဖြောင့်မတ်ခြင်းသည် အနီးတွင်ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ထွက်လာပြီ။ ငါ့လက်ရုံးသည် လူမျိုးတို့ကိုတရားစီရင်မည်။ ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်၍ ငါ့လက်ရုံးကို မျှော်လင့်ကိုးစားကြလိမ့်မည်။
သင်၏အမှုကိုမထမ်းဆောင်သောလူမျိုးဖြစ်စေ၊ တိုင်းနိုင်ငံဖြစ်စေ ပျက်စီးရလိမ့်မည်။ ထိုလူမျိုးတို့သည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။
သင့်ကိုသစ္စာရှိရှိ လက်ထပ်ယူမည်။ သင်သည်လည်း ထာဝရဘုရားကို သိကျွမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
ငါ့ကို မနာခံသောလူမျိုးခြားတို့ကို အမျက်ဒေါသဖြင့် ငါလက်စားချေမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အမြို့မြို့အနယ်နယ်တွင်နေထိုင်သောလူမျိုးတို့ ရောက်လာကြလိမ့်မည်။
ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။
အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။