မိက္ခာ 4:2 - မြန်မာ့စံမီသမ္မာကျမ်း
2 လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
2 ``ဣသရေလအမျိုးသားတို့၊ဘုရားသခင်၏ ဗိမာန်တော်တည်ရှိရာထာဝရဘုရား၏ တောင်ပေါ်သို့ တက်ကြကုန်အံ့။ ကိုယ်တော်သည်ငါတို့အားအလိုတော်နှင့် အညီ ကျင့်ကြံပြုမူရန်သွန်သင်တော်မူမည်။ ကိုယ်တော်ညွှန်ပြသောလမ်းအတိုင်း လျှောက်သွားကြမည်။ ထာဝရဘုရား၏တရားတော်သည် ဇိအုန်တောင်မှလည်းကောင်းထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ လည်းကောင်း ထွက်ပေါ်လာသတည်း'' ဟုဆိုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
2 များ ပြား သော လူ မျိုး တို့ လည်း သွား လျက် ပင်၊ လာ ကြ။ ထာ ဝ ရ ဘု ရား၏ တောင် တော်၊ ယော ကုပ် ဘု ရား၏ ဗိ မာန် တော် သို့ တက် ကြ ကုန် အံ့။ နိဿ ရည်း တော် များ ကို သွန် သင် တော် မူ မည်။ နည်း လမ်း တော် များ သို့ လည်း ငါ တို့ လိုက် သွား အံ့ ဟု ဆို ကြ လိမ့် မည်။ အ သို့ ဆို သော်၊ တ ရား တော် သည် ဇိ အုန် တောင် မှ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် ယေ ရု ရှ လင် မြို့ မှ လည်း ကောင်း ထွန်း ပေါ် လျက်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
2 များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ