သူတို့သည် ဟောရပ်တောင်နားတွင် နွားသငယ်ရုပ်ကို သွန်းလုပ်၍ ထိုသွန်းလုပ်သောရုပ်တုကို ရှိခိုးကိုးကွယ်ကြ၏။
တရားဟော 9:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် သင်တို့ကို အမျက်ထွက်တော်မူသောကြောင့် ထိုပြင်းစွာသောအမျက်တော်ကို ငါကြောက်ရွံ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ၏စကားကိုနားညောင်းတော်မူ၏။ Common Language Bible ထာဝရဘုရားက သင်တို့အားသေကြေ ပျက်စီးစေမည့်အမျက်တော်ကိုငါကြောက်၏။ သို့သော်လည်းထာဝရဘုရားသည် ငါ၏ တောင်းပန်လျှောက်ထားခြင်းကိုတစ်ဖန် နားညောင်းတော်မူ၏။- Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက်တော်အရှိန်ကို ငါကြောက်၏။ သို့ရာတွင် ထာဝရဘုရားသည် ငါ့စကားကိုတစ်ဖန် နားထောင်တော်မူ၏။ |
သူတို့သည် ဟောရပ်တောင်နားတွင် နွားသငယ်ရုပ်ကို သွန်းလုပ်၍ ထိုသွန်းလုပ်သောရုပ်တုကို ရှိခိုးကိုးကွယ်ကြ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
ဘုရားသခင်သည် ကြားသိ၍ အမျက်ထွက်ကာ အစ္စရေးအမျိုးသားတို့ကို လုံးလုံးစွန့်ပယ်တော်မူ၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ထိုအခါ ထာဝရဘုရားသည် မိမိလူမျိုးတော်အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူ၏။
ထာဝရဘုရားက မောရှေအား “သင်လျှောက်သော ဤစကားအတိုင်း ငါပြုမည်။ အကြောင်းမူကား သင်သည် ငါ့ရှေ့၌မျက်နှာရ၍ ငါသည် သင့်ကိုအမည်နှင့်တကွသိ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကလည်း “ငါပဋိညာဉ်ပြုမည်။ ကမ္ဘာမြေတစ်ခွင်လုံး၌လည်းကောင်း၊ လူမျိုးရှိသမျှတို့၌လည်းကောင်း မပြုခဲ့ဖူးသောအံ့ဖွယ်အမှုတို့ကို သင်၏လူအပေါင်းတို့ရှေ့၌ ငါပြုမည်။ သင်နှင့်အတူရှိသောလူအပေါင်းတို့သည် ငါထာဝရဘုရား၏အမှုကို တွေ့မြင်ကြလိမ့်မည်။ ထိုအမှုသည် သင်နှင့်အတူငါပြုမည့် ကြောက်မက်ဖွယ်အမှုဖြစ်၏။
လူတို့သည် မောရှေအား အော်ဟစ်ကြ၏။ မောရှေသည်လည်း ထာဝရဘုရားထံ ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။
ငါသည် ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်၌ နေခဲ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ့စကားကို နားညောင်းတော်မူ၍ သင်တို့ကို မဖျက်ဆီးလိုတော့ပေ။
သို့မဟုတ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်၍ မိုးကောင်းကင်ကိုပိတ်တော်မူသဖြင့် မိုးမရွာ၊ မြေသည် အသီးအနှံကိုမပေးသောကြောင့် သင်တို့သည် ထာဝရဘုရားပေးတော်မူသည့် သာယာဝပြောသောပြည်၌ အလျင်အမြန် ပျက်စီးကြလိမ့်မည်။
ထာဝရဘုရားသည် အာရုန်ကိုလည်း ဖျက်ဆီးချင်လောက်အောင် သူ့ကိုအလွန်အမျက်ထွက်တော်မူသဖြင့် ထိုအချိန်၌ အာရုန်အတွက် ငါဆုတောင်းရ၏။
ဟောရပ်တောင်၌လည်း သင်တို့သည် ထာဝရဘုရားကို အမျက်ထွက်စေသဖြင့် ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် အမျက်ထွက်တော်မူခဲ့၏။
ထိုမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် မောရှေက “ငါသည် အလွန်ကြောက်ရွံ့လျက် တုန်လှုပ်နေ၏”ဟု ဆိုလေ၏။