တရားဟော 9:19 - Common Language Bible19 ထာဝရဘုရားက သင်တို့အားသေကြေ ပျက်စီးစေမည့်အမျက်တော်ကိုငါကြောက်၏။ သို့သော်လည်းထာဝရဘုရားသည် ငါ၏ တောင်းပန်လျှောက်ထားခြင်းကိုတစ်ဖန် နားညောင်းတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible19 အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက်တော်အရှိန်ကို ငါကြောက်၏။ သို့ရာတွင် ထာဝရဘုရားသည် ငါ့စကားကိုတစ်ဖန် နားထောင်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် သင်တို့ကို အမျက်ထွက်တော်မူသောကြောင့် ထိုပြင်းစွာသောအမျက်တော်ကို ငါကြောက်ရွံ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ၏စကားကိုနားညောင်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
အခြားသောဘုရားများကိုဝတ်ပြုကိုးကွယ် လျှင် ထာဝရဘုရားသည်သင်တို့ကိုအမျက် ထွက်၍ မိုးကိုမရွာစေသဖြင့်လယ်မြေများ ခြောက်သွေ့၍ အသီးအနှံများမဖြစ်ထွန်း နိုင်ရှိလိမ့်မည်။ ထိုအခါထာဝရဘုရားပေး သနားတော်မူသောပြည်သည်ကောင်းမွန်သော် လည်း သင်တို့သည်မကြာမီသေကြေပျက်စီး ကြလိမ့်မည်။''