တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
တောလည် 11:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။ Common Language Bible ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် တိမ် တိုက် တွင် ဆင်း သက် မိန့် မြွက် လျက် မော ရှေ ၌ ရှိ သော ဉာဏ် ဝိ ညာဉ် ကို ခွဲ ယူ၍ လူ ကြီး ခု နစ် ဆယ် ပေါ် တွင် လွှဲ အပ် တော် မူ၏။ ဉာဏ် ဝိ ညာဉ် သက် ရောက် ခိုက် တစ် ကြိမ် မျှ သာ သူ တို့ ဟော ပြော ခွင့် ရ ကြ ၏။ Judson Bible ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။ |
တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
သူတို့အားလမ်းပြသွန်သင်ပေးရန် ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်ကို ချပေးတော်မူ၏။ ကိုယ်တော်၏မန္နမုန့်ကို သူတို့ပါးစပ်နှင့်မပြတ်စေဘဲ ရေဆာသောအခါတွင်လည်း ရေကိုပေးတော်မူ၏။
ကိုယ်တော်သည် သူတို့ကို မိုးတိမ်တိုင်ထဲမှ မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏ သက်သေခံချက်များကိုလည်းကောင်း၊ သူတို့အား ကိုယ်တော်ပေးတော်မူသော ပြဋ္ဌာန်းချက်ကိုလည်းကောင်း စောင့်ထိန်းကြ၏။
သို့သော် သူတို့၏အပြစ်ကိုခွင့်လွှတ်လျှင်လည်း ခွင့်လွှတ်တော်မူပါ။ ထိုသို့မဟုတ်လျှင် ကိုယ်တော်ရေးမှတ်ထားသောစာရင်းမှ အကျွန်ုပ်ကိုပယ်ဖျက်တော်မူပါ”ဟု လျှောက်လေ၏။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ ထိုအရပ်၌ သူနှင့်အတူရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်ပြသတော်မူ၏။
ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
ထိုအခါ ကိုယ်တော်သည် မောရှေနှင့်လူမျိုးတော်တို့ခေတ်မှအချိန်ကာလကို အောက်မေ့တော်မူ၏။ သိုးစုကို သိုးထိန်းတို့နှင့်အတူ ပင်လယ်ထဲမှခေါ်ဆောင်လာသောသူကား အဘယ်မှာနည်း။ သူတို့အလယ်၌ သန့်ရှင်းသောဝိညာဉ်တော်ကို ချပေးသောသူကား အဘယ်မှာနည်း။
ထိုအရာတို့၏ရှေ့တွင် အစ္စရေးအမျိုးအနွယ် သက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်တို့သည်ရပ်၍ သူတို့အလယ်တွင် ရှာဖန်၏သားယာဇညာ ရပ်လျက်ရှိ၏။ သူတို့လက်ထဲတွင် လင်ပန်းကိုယ်စီကိုင်ထားပြီး လင်ပန်းထဲမှ နံ့သာပေါင်းမီးခိုးလည်း တလူလူတက်နေသည်ကို တွေ့ရ၏။
ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
ထာဝရဘုရားသည်လည်း မိုးတိမ်တိုင်အားဖြင့် ကြွဆင်း၍ တဲတော်အဝင်ဝ၌ရပ်လျက် အာရုန်နှင့်မိရိအံကိုခေါ်သဖြင့် သူတို့နှစ်ဦးစလုံး ရှေ့တော်သို့လာကြ၏။
မောရှေသည်လည်း ဒါသန်နှင့်အဘိရံတို့ထံသို့ ထသွားသဖြင့် အစ္စရေးသက်ကြီးဝါကြီးတို့သည် သူ့နောက်သို့လိုက်သွားကြ၏။
မျှော်ကြည့်ရာ မျိုးနွယ်အလိုက် စခန်းချနေသောအစ္စရေးလူမျိုးတို့ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့သက်ရောက်တော်မူ၍
ထာဝရဘုရားကလည်း မောရှေအား “နုန်၏သားယောရှု၌ ဝိညာဉ်တော်တည်၏။ သူ့ကိုခေါ်၍ သင့်လက်ကို သူ့အပေါ်တင်လော့။
ထိုသူတို့အထဲမှ အာဂဗုအမည်ရှိသူတစ်ဦးသည် ထ၍ ကမ္ဘာတစ်ဝန်းလုံး၌ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်တော့မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဟောပြော၏။ ထိုဘေးသည် ကလောဒိမင်း၏လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
တောင်ပေါ်သို့သူတို့ရောက်သောအခါ ပရောဖက်တစ်စုသည် သူ့ကိုကြိုဆိုကြ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ တမဟုတ်ချင်းဆင်းသက်၍ သူသည် သူတို့နှင့်အတူပရောဖက်ပြုလေ၏။