အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 62:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ဘုရားရှင်​၊ မေတ္တာကရုဏာ​ကို ကိုယ်တော်​ပိုင်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုးအပြစ်​ကို ဆပ်ပေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Garrad Bible

အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​ရု​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ကိုယ်​တော်​သည် လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 62:12
26 ပူးပေါင်းရင်းမြစ်များ  

ဓနဥစ္စာ​နှင့် ဂုဏ်သရေ​သည် ကိုယ်တော့်​ထံ​မှ လာ​ပါ​၏​။ အရာ​ခပ်သိမ်း​ကို အုပ်စိုး​ပိုင်သ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် အစွမ်း​တန်ခိုး​နှင့်​ပြည့်ဝ​တော်မူ​သဖြင့် လူ​ခပ်သိမ်း​အား ကြီးမြတ်​စေ​နိုင်​၍ ခွန်အား​ကို​လည်း ပေး​နိုင်​စွမ်း​ရှိ​တော်မူ​ပါ​၏​။


အကယ်စင်စစ် ဘုရားသခင်​သည် တစ်ကြိမ်​မက နှစ်ကြိမ်​မိန့်​တော်မူ​သော်လည်း မည်သူ​မျှ​သတိ​မ​မူ​။


အကြောင်းမူကား ကိုယ်တော်​သည် လူ​ကို သူ​၏​လုပ်ဆောင်မှု​အတိုင်း ပြန်ပေးဆပ်​စေ​မည်​။ လူ​ကို သူ​၏​အကျင့်​အတိုင်း ပြန်​ခံရ​စေ​မည်​။


အနန္တတန်ခိုးရှင်​ကို အကျွန်ုပ်​တို့ လိုက်​၍​မ​မီ​နိုင်​။ ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင် ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့် ပြည့်စုံ​တော်မူ​၏​။ မတရား​သော​အမှု​ကို ပြု​တော်​မ​မူ​။


ကြည့်ရှု​လော့​။ တန်ခိုး​နှင့်ပတ်သက်​လျှင် ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင်​ဖြစ်​တော်မူ​၏​။ တရားမျှတမှု​နှင့်ပတ်သက်​လျှင်​လည်း ကိုယ်တော်​ကို မည်သူ​စိန်ခေါ်​ဝံ့​မည်နည်း​။


သို့ရာတွင် ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ ထာဝရ​ကာလ​မှ​ထာဝရ​ကာလ​တိုင်အောင်​တည်​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း သူ​တို့​၏​သားမြေးစဉ်ဆက်​အပေါ်​၌​လည်းကောင်း​၊


ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​၊ စိတ်ရှည်​သော​သဘော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​သဘော​ရှိ​တော်မူ​၏​။


သို့သော် အို ဘုရားရှင်​၊ ကိုယ်တော်​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​နှင့်​ပြည့်စုံ​သော ဘုရားသခင်​ဖြစ်​တော်မူ​ပြီး စိတ်ရှည်​သော​သဘော​၊ သမ္မာတရား​နှင့်​မေတ္တာကရုဏာ​ကြွယ်ဝ​သော သဘော​ရှိ​တော်မူ​၏​။


အကြောင်းမူကား အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကောင်းမြတ်​၍ ခွင့်လွှတ်​တော်မူ​တတ်​၏​။ ကိုယ်တော်​ကို​ခေါ်​သော​သူ​အပေါင်း​တို့​အပေါ်​၌​လည်း မေတ္တာကရုဏာ​တော်​ကြွယ်ဝ​တော်မူ​၏​။


“​ထို​အမှု​ကို ငါ​တို့​မ​သိ​ခဲ့​ပါ​”​ဟု သင်​ဆို​လျှင်​လည်း စိတ်နှလုံး​တို့​ကို​ချိန်တွယ်​တော်မူ​သော​အရှင်​သည် ထို​အရာ​ကို​မ​သိ​နား​မ​လည်​ဘဲ​နေ​မည်လော​။ သင်​၏​စိတ်ဝိညာဉ်​ကို ထိန်းသိမ်းစောင့်ရှောက်​တော်မူ​သော​အရှင်​သည် မ​သိ​ဘဲ​နေ​မည်လော​။ ကိုယ်တော်​သည် လူ​တို့​အား မိမိ​လုပ်ဆောင်မှု​နှင့်အညီ မ​ဆပ်ပေး​ဘဲ​နေ​မည်လော​။


ကိုယ်တော်​၏​အကြံအစည်​တော်​သည် ထူးကဲ​ပါ​၏​။ ပြု​တော်မူ​သော​အမှု​တော်​သည် ကြီးမြတ်​ပါ​၏​။ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြုမူကျင့်ကြံ​သည့်​အတိုင်း​၊ မိမိ​တို့​လုပ်ဆောင်မှု​အသီးအပွင့်​အတိုင်း ပေးဆပ်​ရန် လူသား​တို့​လျှောက်​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​တော်မူ​၏​။


သို့ဖြစ်၍ အို အစ္စရေး​အမျိုး​၊ သင်​တို့​နည်းလမ်း​အတိုင်း သင်​တို့​တစ်ဦးစီ​ကို ငါ​စီရင်​မည်​။ သင်​တို့ အပြစ်​ကျူးလွန်​ရာ​မှ နောင်တရ​၍ ပြန်လာ​လော့​။ သို့ပြုလျှင် သင်​တို့​ပြု​သော​အပြစ်​သည် သင်​တို့​အဖို့ ခလုတ်တံသင်း ဖြစ်​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သင်​တို့​က ‘​ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် မတရား​’​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​လျှောက်​သည့်​လမ်း​များ​အတိုင်း သင်​တို့​အသီးသီး​ကို ငါ​စီရင်​မည်”​ဟု မိန့်ဆို​၏​။


ရှင်ဘုရင်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီး မင်းသား​တို့​သည်​လည်း စိတ်ပျက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ရ​လိမ့်မည်​။ ပြည်သူပြည်သား​တို့​၏​လက်​များ​သည်​လည်း တုန်ရီ​နေ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပြု​မည်​။ သူ​တို့​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ပြန်​စီရင်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


အို ဘုရားသခင်​၊ နား​တော်​ကို လှည့်​၍ ကြား​တော်မူ​ပါ​။ မျက်စိ​တော်​ကို ဖွင့်​၍ ပျက်စီး​သွား​သော​အကျွန်ုပ်​တို့​နေရာ​၊ နာမ​တော်​ဖြင့်​ခေါ်ဝေါ်သမုတ်​တော်မူ​သော​မြို့​တော်​ကို ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ့်​ဖြောင့်မတ်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ ကြီးမား​သော​ကရုဏာ​တော်​ကို​သာ မျှော်ကိုး​လျက် ရှေ့​တော်​၌ အသနား​တော်​ခံ​ပါ​၏​။


အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​ကို​ပုန်ကန်​ကြ​သော်လည်း ကိုယ်တော်​သည် ကရုဏာ​တော်​နှင့် ပြည့်ဝ​ပါ​၏​။ အပြစ်​ကို ခွင့်လွှတ်​ပေး​ပါ​၏​။


ကိုယ်တော်​နှင့်​တူ​သော​ဘုရား​ရှိ​ပါ​သလော​။ ကိုယ်တော်​သည် အပြစ်​လွှတ်​တော်မူ​သော​ဘုရား​၊ ကြွင်းကျန်​သော​အမွေ​တော်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​တော်မူ​သော​ဘုရား​၊ အမျက်​တော်​ကို​သို​မ​ထား မေတ္တာကရုဏာ​အစဉ်​ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​။


အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။


ဘုရားသခင်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။


စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။


အကြောင်းမူကား ငါ​တို့​အားလုံး​သည် ကိုယ်ခန္ဓာ​၌​ရှိစဉ် ပြုကျင့်​သည့်​အတိုင်း ကောင်း​သော​အမှု​အတွက်​ဖြစ်စေ၊ ဆိုးညစ်​သော​အမှု​အတွက်​ဖြစ်စေ အကျိုး​အပြစ်​ကို အသီးသီး​ခံစားရ​ရန် ခရစ်တော်​၏​တရားပလ္လင်​ရှေ့၌ ပေါ်လာ​ကြ​ရ​မည်။


ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​ပြု​သော​သူ​တိုင်း​သည် သခင်​ဘုရား​ထံမှ အကျိုး​ခံစားရ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။


မတရားမှု​ပြု​သော​သူ​မူကား မိမိ​ပြု​သော​မတရားမှု​၏​အကျိုး​ကို ခံစားရ​လိမ့်မည်။ ဤတွင် မျက်နှာလိုက်​ခြင်း​မ​ရှိ။


သင်​တို့​သည် လူ​တို့​အား မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ တစ်ဦးစီ​တို့​ပြု​သော​အမှု​အတိုင်း တရား​စီရင်​တော်မူ​သော​အရှင်​ကို အဖ​ဟု​ခေါ်​ကြ​လျှင် ဤ​လောက​တွင် ဧည့်သည်​အဖြစ်​နေထိုင်​စဉ်​ကာလ​တစ်လျှောက်လုံး ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​နေထိုင်​ကြ​လော့။


“ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ငါ​ပေး​မည့်​အကျိုး​အပြစ်​ကို​ယူဆောင်​လာ​၍ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​အတိုင်း ငါ​ပေးဆပ်​မည်။