ဖခင်ဣဇက်သည် ခါနာန်အမျိုးသမီးတို့အား မနှစ်မြို့သည်ကိုလည်း ဧသောသိမြင်လေ၏။
ကမ္ဘာဦး 48:17 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်သည် ဧဖရိမ်၏ခေါင်းပေါ်၌ လက်ယာလက်တင်ထားသည်ကို ယောသပ်မြင်သောအခါ ဘဝင်မကျသဖြင့် ဧဖရိမ်၏ခေါင်းပေါ်မှ မနာရှေ၏ခေါင်းပေါ်သို့ရွှေ့ရန် ဖခင်၏လက်ကို ကိုင်၍ Common Language Bible ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊- Garrad Bible အ ဘ သည် ဧ ဖ ရိမ့် ဦး ခေါင်း ပေါ် တွင် ညာ လက် တင် သည် ကို ယော သပ် မြင် လျှင် မ နှစ် သက် သည် ဖြစ်၍ ထို သို့ မ မှန် ပါ အ ဘ။ Judson Bible အဘသည်လက်ယာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာတင်သည်ကို ယောသပ်မြင်လျှင်၊ အားမရသည်ဖြစ်၍၊ |
ဖခင်ဣဇက်သည် ခါနာန်အမျိုးသမီးတို့အား မနှစ်မြို့သည်ကိုလည်း ဧသောသိမြင်လေ၏။
သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
ယောသပ်က ဖခင်အား “ထိုသို့မဟုတ်ပါ၊ အဖေ။ ဤတစ်ယောက်သည် သားဦးဖြစ်ပါ၏။ အဖေ၏လက်ယာလက်ကို သူ့ခေါင်းပေါ်၌တင်ပါလော့”ဟု ဆို၏။
ဩမရိမင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုရာတွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် သာ၍ဆိုးညစ်၏။
ဤအမှုသည် ဘုရားသခင်ရှေ့တွင် ဆိုးညစ်သောအမှုဖြစ်သောကြောင့် အစ္စရေးလူမျိုးကို ဒဏ်ခတ်တော်မူရာ
ရှိလျှင်မူကား ထာဝရဘုရားသည်မြင်၍ မနှစ်မြို့သဖြင့် မိမိ၏အမျက်တော်ကို သူ့ထံမှလွှဲဖယ်တော်မူလိမ့်မည်။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ထိုအခါ ဗာလမ်က ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆီးတားရန် လမ်း၌ရပ်နေသည်ကို အကျွန်ုပ်မသိပါ။ ကိုယ်တော်မနှစ်မြို့လျှင် အကျွန်ုပ်ပြန်သွားပါမည်”ဟု လျှောက်လေ၏။
သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန်
ယောသပ်၏သားဦးမနာရှေအမျိုးအနွယ်တို့ မဲချ၍ရရှိသောအမွေမြေမှာ ဤသို့ဖြစ်၏။ မနာရှေ၏သားဦး၊ ဂိလဒ်၏ဖခင် မာခိရသည် စစ်သူရဲဖြစ်၍ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်ကို အမွေရ၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။