ကမ္ဘာဦး 48:17 - Common Language Bible17 ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible17 အ ဘ သည် ဧ ဖ ရိမ့် ဦး ခေါင်း ပေါ် တွင် ညာ လက် တင် သည် ကို ယော သပ် မြင် လျှင် မ နှစ် သက် သည် ဖြစ်၍ ထို သို့ မ မှန် ပါ အ ဘ။ အခန်းကိုကြည့်ပါ။Judson Bible17 အဘသည်လက်ယာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာတင်သည်ကို ယောသပ်မြင်လျှင်၊ အားမရသည်ဖြစ်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ဖခင်သည် ဧဖရိမ်၏ခေါင်းပေါ်၌ လက်ယာလက်တင်ထားသည်ကို ယောသပ်မြင်သောအခါ ဘဝင်မကျသဖြင့် ဧဖရိမ်၏ခေါင်းပေါ်မှ မနာရှေ၏ခေါင်းပေါ်သို့ရွှေ့ရန် ဖခင်၏လက်ကို ကိုင်၍ အခန်းကိုကြည့်ပါ။ |
သို့သော်သူတို့မဖွားမီ၊ အဆိုးအကောင်းကို မပြုမကျင့်နိုင်မီကပင်လျှင် ဘုရားသခင် သည်ရေဗက္ကအား``သင်၏သားကြီးသည်သား ငယ်၏အစေကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။ ဘုရားသခင်ဤသို့မိန့်တော်မူခြင်း မှာကိုယ်တော်သည် မိမိအကြံအစည်ကို ဖော်ပြရန်ဖြစ်ပေသည်။ ယင်းသို့ရွေးကောက် တော်မူရာ၌အကျင့်အပေါ်တွင်တည်သည် မဟုတ်၊ ကိုယ်တော်ခေါ်ယူတော်မူခြင်း အပေါ်၌တည်ပေသည်။-
ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-