ကမ္ဘာဦး 35:1 - မြန်မာ့စံမီသမ္မာကျမ်း
ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။
အခန်းကိုကြည့်ပါ။
ထို နောက် ဘု ရား သ ခင် က ဗေ သ လ အ ရပ် သို့ ထ သွား ၍ နေ လော့။ အစ် ကို ဧ သော မျက် မှောက် မှ ထွက် ပြေး ရ သော အ ခါ သင့် ထံ ထင် ရှား ခဲ့ သော ငါ ဘု ရား သ ခင် အား ပူ ဇော် ရာ ပ လ္လင် ကို ထို အ ရပ်၌ တည် လော့ ဟု ယာ ကုပ် အား မိန့် တော် မူ သည့် အ တိုင်း၊
အခန်းကိုကြည့်ပါ။
ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလအရပ်သို့သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှပြေးသောအခါ၊ သင့်အားထင်ရှားသော ဘုရားသခင်အဖို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့ဟု၊ ယာကုပ်အားမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။