ဘုရားသခင့်နှုတ်ကပတ်တော်က စာအုပ် ၆၆ အုပ်ပါဝင်ပေမယ့် ကိုယ်တွေ့ကြုံနေရတဲ့ အခြေအနေတွေမှာ အင်အားပြည့်ဝစေမယ့်၊ ဒါမှမဟုတ် စမ်းသပ်မှုဒုက္ခတွေ့နေတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကို အားပေးဖို့ မျှဝေလို့ရတဲ့ တိုတိုလေးတဲ့ ကျမ်းပိုဒ်တွေလည်း ရှိပါတယ်။ ဘယ်လောက်တိုတို “ကျမ်းစာတစ်အုပ်လုံးဟာ ဘုရားသခင်မှုတ်သွင်းထားတာဖြစ်ပြီး ဆုံးမဖို့၊ ဆုံးမတဲ့အရာကို ခံယူဖို့၊ ပြုပြင်ဖို့၊ ဖြောင့်မတ်ခြင်းတရား၌ လေ့ကျင့်ပေးဖို့ အကျိုးရှိပါတယ်” (၂ တိမောသေ ၃:၁၆) ဆိုတာ မမေ့ပါနဲ့။
ကျမ်းစာ မှတ်မိဖို့ ခက်ခဲနေရင်လည်း တိုတိုလေးတွေကနေ စမှတ်ကြည့်ပါ။ နောက်ပိုင်းမှာ အရှည်ကြီးတွေ မှတ်မိဖို့ ပိုလွယ်လာလိမ့်မယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်မယ်။ ဘုရားသခင့်နှုတ်ကပတ်တော်ကို အမြဲတမ်း ဆင်ခြင်သုံးသပ်နိုင်မယ်။ ကိုယ့်ရဲ့စိတ်နှလုံးဟာလည်း ဝိညာဉ်တော်ရဲ့အသီးအနှံတွေကို သီးပွင့်စေဖို့ အမြဲပြည့်ဝနေမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ်ကြားရတဲ့အရာက ညစ်ညူးစေတာ မဟုတ်ဘဲ ကိုယ်ပြောတဲ့အရာကသာ ညစ်ညူးစေတာမို့လို့ပါ။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
အ ရှင် ဘု ရား ကို ရှင် ပြန် ထ မြောက် စေ တော် မူ ခဲ့ သော ဘု ရား သ ခင် သည် တန် ခိုး တော် အား ဖြင့် ငါ တို့ ကို လည်း ရှင် ပြန် ထ မြောက် စေ တော် မူ ဦး မည်။
ဟာ လေ လု ယ၊ သန့် ရှင်း ရာ ဌာ န တော်၌ ဘု ရား သ ခင် ကို ချီး မွမ်း ကြ လော့။ တန် ခိုး တော် ဆိုင် ရာ မိုး ပိ တာန်၌ ကိုယ် တော် ကို ချီး မွမ်း ကြ လော့။
ရှော လ မုန် မင်း၏ န ယ ပုံ ပြင် ချက် များ၊ ပ ညာ ရှိ သော သား သည်၊ အ ဘ ရွှင် လန်း ရာ အ ကြောင်း၊ မိုက် မဲ သော သား မူ ကား၊ အ မိ ညှိုး နွမ်း ရာ အ ကြောင်း ဖြစ် ၏။
လူ မျိုး ခြား ရှိ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ခြင်း၊ လူ အ မျိုး မျိုး တို့၊ ဩ ဘာ ဆက် ခြင်း ပြု ကြ လော့။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ချို သာ စွာ တုံ့ ပြန် ချက် သည်၊ ဒေါ သ ကို လွှဲ ရှောင် တတ်၏။ ကြမ်း တမ်း သော စ ကား မူ ကား၊ အ မျက် ကို နှိုး ဆော် တတ် ၏။
သင်္ဂ ဟ ဝတ် ကို ပြု မြဲ ပြု ကြ လော့။ ဧည့် ဝတ် အား ဖြင့် အ ချို့ တို့ သည် စေ တ မန် တော် များ ကို မ မှတ် ဘဲ ဧည့် ခံ ကြ ပြီး ဖြစ်၍ ထို ဝတ် ကို မ လစ် လပ် ကြ နှင့်။
ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။
သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။