နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။
ရှင်ယောဟန် 11:4 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုအကြောင်းကိုကြားလျှင်“ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုကြားတော်မူသော် ဤရောဂါသည် သေခြင်းအလို့ငှါမဟုတ်။ ဘုရားသခင့်သားတော်၏ဘုန်းထင်ရှားစေရန် ဘုရားသခင့်ဘုန်းတော်အဖို့ဖြစ်သည်ဟု မိန့်တော်မူ၏။ Judson Bible ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသတင်းကို ယေရှု ကြားတော်မူသောအခါ “ဤဖျားနာခြင်းသည် သေစေမည့်ဖျားနာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည့် ဖျားနာခြင်းဖြစ်၏။ ဤဖျားနာခြင်းကြောင့် ဘုရားသခင်၏သားတော်သည်လည်း ဘုန်းတော်ထင်ရှားလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟု မိန့်တော်မူ၏။- |
နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။
သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။
‘အို အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ’”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်”ဟု ကောင်းကင်မှအသံတော်လာ၏။
ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“အို အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေနိုင်ရန် သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။
အကျွန်ုပ်ပိုင်သောအရာအားလုံးတို့ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်ပိုင်သောအရာတို့ကိုလည်း အကျွန်ုပ်ပိုင်သည်ဖြစ်၍ အကျွန်ုပ်သည် ထိုအရာများအားဖြင့် ဘုန်းထင်ရှားခြင်းရှိပါပြီ။
အို အဖ၊ ဤကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်ခံစားရသောဘုန်းအသရေတော်အားဖြင့် ယခုပင် အကျွန်ုပ်ကို အထံတော်ပါး၌ ဘုန်းထင်ရှားစေတော်မူပါ။
ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
ယေရှုကလည်း“ငါသည် ကိုယ့်ဘုန်းကိုကိုယ်ထင်ရှားစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ဘုန်းကိုထင်ရှားစေတော်မူသောအရှင်ကား ငါ့ခမည်းတော်ဖြစ်၏။ သင်တို့သည် ထိုအရှင်ကို ‘အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်’ဟု ဆိုကြသော်လည်း
ထိုအခါ ဂျူးလူမျိုးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ “ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းကို ငါတို့သိ၏”ဟု ဆိုကြ၏။
ယေရှုက“ဤသူအပြစ်ပြုသောကြောင့်မဟုတ်၊ သူ့မိဘကအပြစ်ပြုသောကြောင့်လည်းမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန်အတွက်သာဖြစ်၏။
သို့ဖြစ်လျှင် သူတို့ခလုတ်တိုက်ကြသည်မှာ သူတို့လဲကျစေရန်လောဟု ငါမေး၏။ လုံးဝမဟုတ်ပေ။ အမှန်အားဖြင့် သူတို့ကျူးလွန်သောအပြစ်ကြောင့် လူမျိုးခြားတို့ထံ ကယ်တင်ခြင်းကျေးဇူးသက်ရောက်၍ ဤအမှုအားဖြင့် အစ္စရေးလူမျိုးတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေရန်ဖြစ်၏။
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုန်းအသရေနှင့်ပြည့်စုံသောဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အပေါ်၌ ကိန်းဝပ်တော်မူ၏။