ရှင်ယောဟန် 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ Ver CapítuloCommon Language Bible11 သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ Ver CapítuloGarrad Bible11 ဂါလိလဲနယ်ကာနမြို့တွင် ဤနိမိတ်လက္ခဏာဦးကိုယေရှုပြ၍၊ ဘုန်းတော်ထင်ရှားစေတော်မူသည့်အလျောက် တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည်ကြ၏။ Ver CapítuloJudson Bible11 ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။ Ver Capítuloမြန်မာ11 ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။ Ver Capítulo |
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။