၁ ပေ 1:21 - မြန်မာ့စံမီသမ္မာကျမ်း21 ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။ Ver CapítuloCommon Language Bible21 ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။ Ver CapítuloGarrad Bible21 သင် တို့ သည် သူ သေ တို့ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ၍ ဘုန်း ပွင့် စေ တော် မူ သော ဘု ရား သ ခင် အား ယုံ ကြည် ကြ သည့် အ လျောက် သင် တို့ ယုံ ကြည် ခြင်း နှင့် မျှော် လင့် ခြင်း လည်း ဘု ရား သ ခင် နှင့် ဆိုင် သ တည်း။ Ver CapítuloJudson Bible21 သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိစေခြင်းငှာ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။ Ver Capítulo |
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။