ထွက်မြောက် 16:7 - မြန်မာ့စံမီသမ္မာကျမ်း7 နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible7 နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။- Ver CapítuloGarrad Bible7 နံ နက်၌ လည်း ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် ကို မြင် ရ ကြ လိမ့် မည်။ ထာ ဝ ရ ဘု ရား အား ညည်း ညူ ခြင်း အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား၊ မည် သို့ သော သူ ဖြစ်၍ သင် တို့ ညည်း ညူ ရ သ နည်း ဟု ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ အား ဆို ကြ ၏။ Ver CapítuloJudson Bible7 နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကိုအပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆိုလေ၏။ Ver Capítulo |
တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။