ရှင်ယောဟန် 8:54 - မြန်မာ့စံမီသမ္မာကျမ်း54 ယေရှုကလည်း“ငါသည် ကိုယ့်ဘုန်းကိုကိုယ်ထင်ရှားစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ဘုန်းကိုထင်ရှားစေတော်မူသောအရှင်ကား ငါ့ခမည်းတော်ဖြစ်၏။ သင်တို့သည် ထိုအရှင်ကို ‘အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်’ဟု ဆိုကြသော်လည်း Ver CapítuloCommon Language Bible54 သခင်ယေရှုက ``ငါသည်မိမိကိုယ်ကိုချီး မြှောက်ပါမူငါ၏ဘုန်းအသရေသည်အချည်း နှီးပင်ဖြစ်၏။ ငါ့ကိုချီးမြှောက်သူကားငါ၏ ခမည်းတော်တည်း။ ထိုအရှင်ကိုသင်တို့၏ ဘုရားသခင်ဟုဆိုကြ၏။- Ver CapítuloGarrad Bible54 ယေရှုက ငါသည်ကိုယ်ကိုဂုဏ်တင်လျှင် ငါ့ဂုဏ်သည်အလဟဿဖြစ်လိမ့်မည်။ ငါ၌ဂုဏ်တင်သောအရှင်ကား ငါ့ခမည်းတော်တည်း။ ထိုအရှင်သည် ကိုယ့်ဘုရားသခင် ဖြစ်သည်ဟူ၍သင်တို့ဆိုကြသော်လည်း ကိုယ်တော်ကိုမသိကြ။ Ver CapítuloJudson Bible54 ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း54 ယေရှုက “ငါသည် ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီးစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ကို ဘုန်းကြီးစေသောအရှင်သည် ငါ့ခမည်းတော်ဖြစ်၏။ သင်တို့က ထိုအရှင်ကို ‘ငါတို့၏ ဘုရားသခင်’ ဟု ဆိုကြ၏။ Ver Capítuloမြန်မာ54 ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။- Ver Capítulo |
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။