မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
ယေဇကျေလ 22:9 - မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။ Common Language Bible သင်၏အထဲ၌အချို့တို့သည်ကုန်းချော၍ သူတစ်ပါးတို့အားသေကြောင်းကြံကြ၏။ သင့်အထဲ၌တောင်ပေါ်ရှိဝတ်ပြုရာဌာန များတွင် ရုပ်တုများအားယဇ်ပူဇော်သည့် အသားကိုစားကြ၏။ အချို့မှာအစဉ် ကာမဂုဏ်လိုက်စားကြ၏။- Garrad Bible သင် သည် သွေး သွန်း လို၍ ကုန်း ချော သူ၊ တောင် များ ပေါ် တွင် စား သောက် သူ၊ ကာ မ ဂုဏ် လိုက် စား သူ၊ Judson Bible သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာ စားသောသူ၊ အဓမ္မအမှုကိုပြုသောသူ ရှိကြ၏။ |
မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သောယဇ်ကို စားကြ၏။
သင်သည်ထိုင်၍ သင့်ညီအစ်ကိုကိုဆန့်ကျင်ပြောဆိုလျက် သင့်မိခင်၏သားကိုဆဲဆိုတတ်၏။
မဟုတ်မမှန်သောသတင်းကိုမဖြန့်ရ။ ဆိုးယုတ်သောသူနှင့်ပေါင်း၍ မတရားသောသက်သေ မထွက်ဆိုရ။
မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ဆင်းသွားတတ်၏။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ ဆင်းသွားတတ်၏။
သူတို့အားလုံးသည် ကြေးနီကဲ့သို့၊ သံကဲ့သို့ ခေါင်းမာ၍ ပုန်ကန်တတ်၏။ အတင်းအဖျင်းလိုက်ပြောတတ်၏။ သူတို့အားလုံး အကျင့်ပျက်ပြားကြ၏။
“လူတိုင်း မိမိ၏အိမ်နီးချင်းကို သတိပြုကြလော့။ မည်သည့်ညီအစ်ကိုကိုမျှ မယုံကြနှင့်။ အကြောင်းမူကား ညီအစ်ကိုအားလုံး လူလိမ်သက်သက်သာဖြစ်ကြ၏။ အိမ်နီးချင်းအားလုံးသည်လည်း အတင်းအဖျင်းလိုက်ပြောသောသူများသာဖြစ်ကြ၏။
သင်တို့ကြောင့် ဤမြို့တွင် လူအမြောက်အမြားသေဆုံးရ၍ လမ်းများပေါ်တွင် အသေကောင်တို့ပုံနေလေပြီ’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။
ဖခင်မပြုခဲ့သောအမှုများဖြစ်သည့် တောင်များပေါ်တွင်ပူဇော်သောအစာကိုစားခြင်း၊ အိမ်နီးချင်း၏မယားကိုပြစ်မှားခြင်း၊
သူသည် တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊
တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊
သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
သူတို့သည် ထာဝရဘုရား၏စကားကိုမလိုက်နာ၊ ထာဝရဘုရားကိုစွန့်ပယ်သောကြောင့် အစာစားရသော်လည်း တင်းတိမ်မည်မဟုတ်၊ ပြည့်တန်ဆာလုပ်သော်လည်း သားသမီးထွန်းကားမည်မဟုတ်။
ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
လူကိုချောင်းမြောင်းတိုက်ခိုက်သောဓားပြကဲ့သို့ ယဇ်ပုရောဟိတ်အုပ်စုသည် ရှေခင်မြို့လမ်းတွင် လူကိုသတ်၏။ သူတို့သည် ရှက်ဖွယ်အမှုကို ပြုကြ၏။
မုန့်ဖုတ်သူသည် မုန့်ညက်ကိုနယ်ပြီး တဆေးပေါက်သည်အထိ မီးဆက်ထိုးစရာမလိုဘဲ မီးတောက်နေသောမီးဖိုကဲ့သို့ သူတို့အားလုံး အိမ်ထောင်ရေးဖောက်ပြန်လိုစိတ်များ ပြင်းထန်၏။
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။
ယခု အကျွန်ုပ်အပေါ်စွပ်စွဲနေသည့်အချက်များနှင့်ပတ်သက်၍လည်း သူတို့သည် အရှင့်ထံသက်သေမပြနိုင်ပါ။
ပြဿနာကိုသာဖန်တီးလေ့ရှိသောဤသူသည် ကမ္ဘာအရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့၌ ဆူပူအုံကြွမှုများဖြစ်ပေါ်အောင် လှုံ့ဆော်နေသူဖြစ်ပြီး နာဇရက်ဂိုဏ်းကွဲ၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထိုသို့ ဂိဗာမြို့သားတို့သည် အစ္စရေးလူမျိုးတို့တွင် ညစ်ညမ်းသောအမှု၊ ယုတ်ညံ့သောအမှုကို ပြုကြသောကြောင့် အကျွန်ုပ်လည်း မယားငယ်အသေကောင်ကို ခုတ်ဖြတ်ပြီး အစ္စရေးလူမျိုးတို့ အမွေခံရာပြည်တစ်လျှောက်လုံးသို့ ပို့လိုက်ပါ၏။
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။