ယေဇကျေလ 23:29 - မြန်မာ့စံမီသမ္မာကျမ်း29 သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။ Ver CapítuloCommon Language Bible29 သူတို့သည်သင့်ကိုမုန်း၍သင်စုဆောင်းထား သမျှသောပစ္စည်းဥစ္စာတို့ကိုယူ၍ သင့်အား အဝတ်အချည်းစည်းနှင့်ထားခဲ့ကြလိမ့်မည်။ သင့်အားအဝတ်အချည်းစည်းရှိသူပြည့် တန်ဆာကဲ့သို့ဖြစ်စေကြလိမ့်မည်။ သင်သည် တဏှာရာဂစိတ်ရှိမှုကြောင့်၊ ပြည့်တန်ဆာ အလုပ်ကိုလုပ်ကိုင်မှုကြောင့်၊- Ver CapítuloGarrad Bible29 သူ တို့ သည် မုန်း စိတ် နှင့် စီ ရင် လျက်၊ ချွေး နဲ စာ ရှိ သ မျှ ကို လု ယူ၍၊ အ ဝတ် အ ချည်း စည်း ထား သ ဖြင့်၊ သင့် ရှက် ဖွယ် ရာ ကာ မ ဂုဏ် လိုက် စား မှု နှင့် ပြည့် တန် ဆာ လုပ် မှု များ ထင် ရှား လိမ့် မည်။ Ver CapítuloJudson Bible29 သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင်ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်း ရှိရစ်စေကြလိမ့်မည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကိုပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှားရလိမ့်မည်။ Ver Capítulo |