ဆာလံ 106:28 - မြန်မာ့စံမီသမ္မာကျမ်း28 တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သောယဇ်ကို စားကြ၏။ Ver CapítuloCommon Language Bible28 ထိုနောက်ဘုရားသခင်၏လူစုတော်သည် ဗာလဘုရားကိုပေဂုရအရပ်တွင်ရှိခိုး ဝတ်ပြု၍ သက်မဲ့ဘုရားများကိုပူဇော်သည့်ယဇ်ကောင်သားကို စားကြ၏။ Ver CapítuloGarrad Bible28 ထို သို့ ဗာ လ ပေ ဂု ရ နတ် ကို မှီ ဝဲ ၍၊ အ သက် မဲ့ ရုပ် တု ရှေ့ ပူ ဇော် ပွဲ ကို စား ကြ လျက်၊ အ ပြု အ ကျင့် များ ကြောင့်၊ Ver CapítuloJudson Bible28 ထိုသူတို့သည် ဗာလပေဂုရဘုရား၌မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။ Ver Capítulo |
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။