ဇေဖနိ 2:9 - မြန်မာ့စံမီသမ္မာကျမ်း
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
Ver Capítulo
ငါသည်ဧကန်အမှန်ဣသရေလအမျိုး သားတို့၏အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်အတိုင်း မောဘပြည်နှင့် အမ္မုန်ပြည်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကဲ့သို့သုတ်သင်ဖျက်ဆီးခြင်းခံရလိမ့် မည်ဖြစ်ကြောင်းကျိန်ဆိုဖော်ပြပါ၏။ ထို ပြည်တို့သည်ဆားမြေတူးရာအရပ်ဖြစ် လျက် ထာဝရယိုယွင်းပျက်စီးကာပေါင်း ပင်များနှင့်ဖုံးလွှမ်း၍နေလိမ့်မည်။ ငါ၏ လူမျိုးတော်အနက်မှအသက်မသေဘဲ ကျန်ရှိနေသူတို့သည် ထိုသူတို့ကိုတိုက် ခိုက်လုယက်ကာသူတို့၏ပြည်ကိုသိမ်း ယူကြလိမ့်မည်။
Ver Capítulo
သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဖို့ မြေတူးရာအရပ်၊ အစဉ်အမြဲ ပျက်စီးရာအရပ် ဖြစ်၍၊ ကျန်ကြွင်းသော ငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူသိမ်းစားကြလိမ့်မည်။
Ver Capítulo