ယေရမိ 49:33 - မြန်မာ့စံမီသမ္မာကျမ်း33 ဟာဇော်မြို့သည် ခွေးအတို့ခိုအောင်းရာ၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်။ မည်သူမျှ ထိုမြို့၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible33 ဟာဇော်မြို့သည်ခွေးအများခိုအောင်းရာ၊ ထာဝစဉ်လူသူကင်းမဲ့လျက်နေလိမ့်မည်။ ထိုအရပ်တွင်နောက်တစ်ဖန်နေထိုင်သူတစ်စုံ တစ်ယောက်မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့် တော်မူ၏။ Ver CapítuloGarrad Bible33 ဟာ ဇော် ပြည် သည်၊ ခွေး အ တို့ အောင်း ရာ၊ နေ ထိုင် သူ လူ သ တ္တ ဝါ၊ တည်း ခို သူ လူ့ သား တို့ မဲ့ သော အ စဉ် ဆိတ် ညံ ရာ ဖြစ် လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Ver CapítuloJudson Bible33 ဟာဇော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံရာအစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသား တစ်စုံတစ်ယောက်မျှ မနေရ။ လူသား တစ်စုံတစ်ယောက်မျှ နေရာမကျရ။ Ver Capítulo |
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။