Biblia Todo Logo
La Biblia Online
- Anuncios -




ဇေဖနိ 2:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို​နေရာ​သည် လူမျိုးတကာ​တို့​၏​သိုးအုပ်​များ​၊ တိရစ္ဆာန်​များ လဲလျောင်း​ရာ ဖြစ်​လိမ့်မည်​။ ငှက်ကြီးဝန်ပို​၊ ငဟစ်ငှက်​တို့​လည်း အပြိုအပျက်​များ​ကြားတွင် ခိုအောင်း​၍ ပြတင်းပေါက်​များ​တွင် အော်မြည်​ကြ​လိမ့်မည်​။ စင်စစ် သစ်ကတိုးသား​များ​ကို ဖျက်ဆီး​မည်​ဖြစ်၍ တံခါးဝ​တွင် အပျက်အစီး​တို့ ပုံ​နေ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

14 ထို​အ​ရပ်​သည်​သိုး​အုပ်​နှင့်​တိ​ရစ္ဆာန်​အ​မျိုး မျိုး​တို့​နား​နေ​ရာ​ဖြစ်​လိမ့်​မည်။ ဇီး​ကွက် တို့​သည်​တိုက်​ပြို​တိုက်​ပျက်​များ​တွင်​ခို အောင်း​ကာ ပြူ​တင်း​ပေါက်​များ​မှ​အော်​မြည် ကြ​လိမ့်​မည်။ ကျီး​တို့​သည်​လည်း​လှေ​ကား ထစ်​များ​အ​ပေါ်​မှ​နေ​၍​အာ​ကြ​လိမ့်​မည်။ ထို​မြို့​ရှိ​အ​ဆောက်​အ​ဦး​များ​မှ​သစ်​က တိုး​သား​တို့​ကို​လည်း​လူ​တို့​ဖြုတ်​ယူ​ကြ လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

14 သား ရိုင်း အ မျိုး မျိုး တို့ သည်၊ ထို မြို့ ပျက် တွင် စု ရုံး အိပ် ၀ပ် ခြင်း၊ ၀ံ ပို နှင့် ဗျိုင်း တို့ သည် တိုင် ထိပ် များ၌ နား၍၊ လေ သာ ပေါက် များ၌ မြည် ခြင်း ကို ပြု စဉ်။ အ ခင်း အ ကာ ကို ဖျက် တော် မူ ပြီး သော၊ တိုက် အိမ် များ သည်။ ဆိတ် ဆိတ် ညံ ညံ ဖြစ် လိမ့် မည်။

Ver Capítulo Copiar

Judson Bible

14 မြို့​အ​လယ်၌ သိုး​စု​များ​နှင့် တစ်​ပါး​အ​မျိုး သား​ရဲ​အ​ပေါင်း​တို့​သည် အိပ်​ကြ​လိမ့်​မည်။ ဝံ​ပို​နှင့်​ဖြူ​တို့​သည် တံ​ခါး​ထုပ်၌ နေ​ရာ​ကျ၍ ပြ​တင်း​ပေါက်၌ မြည်​ကြ​လိမ့်​မည်။ တံ​ခါး​ခုံ​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ အာ​ရဇ်​သစ်​သား၌ အ​ပြောက်​ပယ်​ရှင်း​လျက် ရှိ​လိမ့်​မည်။

Ver Capítulo Copiar




ဇေဖနိ 2:14
8 Referencias Cruzadas  

အကျွန်ုပ်​သည် တောကန္တာရ​ထဲမှ ငှက်ကြီးဝန်ပို​ကဲ့သို့​လည်းကောင်း​၊ ပြိုပျက်​ရာ​အရပ်​များ​မှ ဇီးကွက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။


တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် ထို​မြို့​ကို ဖြူကောင်​နေရာ​အရပ်​၊ ရေအိုင်ထွန်း​ရာ​အရပ်​ဖြစ်စေ​မည်​။ ဖျက်ဆီး​ခြင်း​တံမြက်စည်း​ဖြင့် လှည်းကျင်း​မည်​”​ဟု မိန့်​တော်မူ​၏​။


‘​ငါ့​အတွက် ကြီးမား​သော​နန်းတော်​၊ ကျယ်ဝန်း​သော​ဘုံဗိမာန်​များ​ကို တည်ဆောက်​မည်​။ ပြတင်းပေါက်​များ​ကို​ဖောက်​၍ သစ်ကတိုး​နှင့်​အကွက်ဖော်​ပြီးလျှင် အနီရောင်​သုတ်​မည်’​ဟု ဆို​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ငါ​မြင်​ရ​သည်​မှာ ဘုရားရှင်​သည် ယဇ်ပလ္လင်​နား​တွင် ရပ်​နေ​တော်မူ​၏​။ ကိုယ်တော်​က “တံခါးခုံ​များ​လှုပ်ခါ​၍ လူ​အပေါင်း​တို့​ခေါင်း​ပေါ်သို့ ပြိုကျ​သည်​အထိ ခေါင်တိုင်​တို့​ကို ရိုက်ချိုး​လော့​။ ထို​ဘေး​မှ​လွတ်​၍ ကြွင်းကျန်သူ​တို့​ကို ဓား​နှင့် ငါ​ကွပ်မျက်​မည်​။ ထွက်ပြေး​သော​သူ မ​ရှိ​ရ​။ လွတ်မြောက်​သော​သူ မ​ရှိ​ရ​။


ပင်လယ်​ကမ်းရိုးတန်း​တွင် သိုးထိန်း​တို့​ကျက်စား​ရာ​မြက်ခင်းပြင်​များ​၊ သိုးခြံ​များ နေရာယူ​လိမ့်မည်​။


သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos