တောလည် 14:21 - မြန်မာ့စံမီသမ္မာကျမ်း21 ငါသည် အမှန်ပင်အသက်ရှင်သည်ဖြစ်၍ ကမ္ဘာမြေတစ်ခွင်လုံးသည် ထာဝရဘုရား၏ဘုန်းအသရေနှင့်ပြည့်လိမ့်မည်။ Ver CapítuloCommon Language Bible21 ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊- Ver CapítuloGarrad Bible21-23 သို့ သော် လည်း အိ ဂျစ် ပြည် နှင့် သဲ တော တွင် ငါ စီ ရင် ခဲ့ သော သက် သေ လ က္ခ ဏာ များ နှင့် ငါ့ ဘုန်း တော် ကို မြင် လျက် ပင် ဗျာ ဒိတ် သံ ကို နား မ ထောင် ဘဲ ဆယ် ကြိမ် မြောက် ငါ့ ကို စုံ စမ်း၍ မ ထီ လေး စား ပြု သော သူ တို့ သည် ပေး မည် ဟူ ၍ ဘိုး ဘေး တို့ အား ငါ သစ္စာ ဆို ခဲ့ သော ပြည် ကို မြင် ခွင့် မ ရှိ ရ ဟု ငါ အ သက် တည် သည် ကို လည်း ကောင်း၊ မြေ တစ် ပြင် လုံး နှံ့ ငါ ထာ ဝ ရ ဘု ရား ဘုန်း တော် ပြည့် လျှံ အံ့ သည် ကို လည်း ကောင်း တိုင် တည် လျက် ငါ ဆို ၏။ Ver CapítuloJudson Bible21 ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။